Pages

Saturday, August 7, 2010

တစ်ခုဘဲ ဖြစ်မယ်


တစ်ခုဘဲ ဖြစ်မယ်

လူတစ်ကိုယ် သိုလ် နှစ်ခုတဲ့။ ကိုရင်လေး ဘ၀ စာတက်ခဲ့စဉ်က မှတ်သားခဲ့ဘူးတာပါ။ သိုလ် ဆိုတာက ကုသိုလ် နဲ့  အကုသိုလ် နှစ်ခုပါပဲ။ စိတ်ဆိုတာ တစ်ခုဘဲ ဖြစ်တယ်။ ကုသိုလ်ဖြစ်ချင်ဖြစ်ပါမယ်။ မဖြစ်ရင် အကုသိုလ် ဖြစ်ပါမယ်။

ဆန့် ကျင့်ဘက် ဖြစ်ပုံကတော့...
၁။လောဘ အကုသိုလ် နဲ့  အလောဘကုသိုလ်။
၂။ဒေါသ အကုသိုလ် နဲ့  အဒေါသ ကုသိုလ်။
၃။မောဟ အကုသိုလ် နဲ့ အမောဟ ကုသိုလ်။

၁။လောဘက လိုချင်တယ်။ လိုချင်တာတွေ အားကြီးရင် မရရင် ဆင်းရဲတယ်။ လိုချင်မှု အားကြီးတာကို လျှော့ လိုက်ရင် အလောဘဖြစ်လာတယ်။

၂။ဒေါသက စိတ်တိုတယ်။ စိတ်တိုတာဟာလည်း စိတ်ကို ဆင်းရဲတာပါပဲ။ စိတ်တိုမှု အားကြီးတာကို လျှော့လိုက်ရင် အဒေါသဖြစ်လာတယ်။

၃။မောဟက မသိမှုဖြစ်တယ်။ မသိတာများလာလျင် အမှားအမှန်မခွဲတတ်ဘူး။ မသိမှုအားကြီးတာကို လျှော့ လိုက်ရင် အမောဟ ဖြစ်လာတယ်။

၁။ အလိုကြီးမှုကို ရောင်ရဲမှုနဲ့ လျှော့လို့ ရပါမယ်။ ဒါန ပြုပြီးဖြစ်စေ၊ နွမ်းပါသူတွေကို ထောက်ပံ့ပြီးဖြစ်စေ လျှော့ လို့ ရပါမယ်။

၂။ ဒေါသ စိတ်တိုမှုကို သူများ အလိုကို လိုက်ပြီး လျှော့လို့ ရမယ်။ သည်းခံခြင်း ခန္တီကို သုံးလို့ ဖြစ်စေ၊ သူများကို မေတ္တာသက်ပြီးဖြစ်စေ လျှော့လို့ ရပါမယ်။

၃။ မသိမှု မောဟ ကို ဗဟုသုတ အသိဉာဏ်ပေးတဲ့ စာပေကို ဖတ်ပြီးလျှော့လို့ ရပါမယ်။ ပြီးတော့ ကိုယ့်ထက် တတ်သိတဲ့ လူများက ပြောစကားများကို နားထောင်ပါက လျှော့ပါမယ်။ တရားစာပေဖတ်ပြီးဖြစ်စေ၊ တရားနာ လို့ ဖြစ်စေ ဖတ်ပါကလည်း ( လိုက်နာကျင့်သုံးပါက ) လျှော့လို့ ရပါမယ်။

ဘယ်လိုပဲ ဖြစ်ပါစေ။ တစ်ခုဘဲ ဖြစ်ပါမယ်။ အဲဒီ တစ်ခု ရွေးချယ်မှုကို ကိုယ့် စိတ်ကြိုက်ရွေးချယ်နိုင်ဖို့ ကျဉ်း ကျဉ်း လေးနဲ့  မှတ်သားစရာ အနေ ရေးလိုက်ပါတော့တယ်။

မြတ်ရောင်နီ
( ၀၈၊ ၀၈ ၊ ၂၀၁၀ )

2 comments:

  1. လိုရင်းတိုရှင်း နဲ့ မှတ်သားသွားပါတယ်။
    ကြိုးသားသွားပါ့မယ်။
    သာဓု၊သာဓု၊သာဓု

    ReplyDelete
  2. လေ့လာမှတ်သားရပါတယ်ဘုရား။ပို့ ပေးတဲအတွက်ကျေးဖူးတင်ပါတယ်ဘုရား

    ReplyDelete