Pages

Saturday, August 14, 2010

အသိပေး ဖိတ်ကြားလွှာ



အသိပေး ဖိတ်ကြားလွှာ


ဓမ္မနာဒ ကျောင်းတော် ပုံ






ကျောင်းတော် ရှေ့  သံဃာတော်များနှင့်အတူ








ကျောင်းသစ် ဖွင့်ပွဲ ဖိတ်ကြားလွှာ


သာသနာနှစ် ၂၅၅၄ ခုနှစ် ၊ မြန်မာနှစ် ၁၃၇၂ ခုနှစ် ၊ ၀ါခေါင်လဆန်း ( ၅ ) ရက် ၊ သြဂုတ်လ (၁၅) ရက် တနင်္ဂနွေ နေ့ တွင် ဂျာမဏီနိုင်ငံ၊ Giggenhauser Strße60၊ 85354 Freising - Vöttig့ ၊ တွင် အောက်ပါ အစီစဉ်တိုင်း ကျင်းပသွားမည်ဖြစ်ပါသည်။

လာရောက် ကြည်ညို သဒ္ဓါ ပွါးကာ တရားတော်နာ၊ တရားထိုင် ၊ ကိုယ်တိုင် ကုသိုလ်ပွါးစေဖို့  အကျိုးမျှော်ကာ အသိပေး ဖိတ်ကြား လိုက်ပါသည်။

မှတ်ချက်။ ။ ဖရိုက်ဇင်း ဘူတာမှ ၆၃၈ ဘတ်စ် ဖြင့် Haltestelle Giggenhauser Strße မှတ်တိုင်မှာ ဆင်းပြီး မိနစ်အနည်းငယ် လမ်းလျှောက်ရပါမည်။

ကျောင်းသစ် ဖွင့်ပွဲ အခန်းနား အစီစဉ်များ

၁။မနက်ခင်း ၁၁ နာရီခွဲမှ ၁၂ နာရီ အခန်းနား ကို နမောတဿ အစရှိသည်ဖြင့် စတင်ဖွင့်လှစ်ပါမည်။

၂။မနက်ခင်း ၁၂ နာရီမှ ၁၂နာရီခွဲထိ သံဃာတော်များ အား ဆွမ်းဆက် ကပ် လှူဒါန်းပါမည်။


၃။ မနက်ခင်း ၁၂ နာရီခွဲမှ နေ့ ခင်း ၂ နာရီထိ ကြွရောက်လာသည့် လူပရိသတ်တို့ အား ဧည့်ခံ ကျွေးမွေး ပါမည်။


၎။ နေ့ ခင်း ၂ နာရီမှ ၃ နာရီ အထိ တရားတော် ဟောကြား ချီးမြှင့် ပေးသွားပါမည်။


၅။နေ့ ခင်း ၃နာရီမှ ၃ နာရီခွဲ အထိ တရား ထိုင်ကြပါမည်။


၆။ နေ့ ခင်း ၃ နာရီခွဲ အချိန်မှာ စိရံ တိဋ္ဌတု သဒ္ဓမ္မော ရွတ်ဆိုပြီး အခန်းနား သိမ်းပါမည်။



နောက်ထပ် ကျောင်းဆောင်အသစ် ဖြစ်ပါသည်။
မြတ်ရောင်နီ
( ၁၄ ၊ ၀၈ ၊ ၂၀၁၀ )
.

No comments:

Post a Comment