Pages

Friday, August 27, 2010

ဘ၀ ရထားပေါ်ဝယ်


ဘ၀ ရထားပေါ်ဝယ်





ဘ၀ ရထားပေါ်ဝယ်
ကိုယ့်ဘ၀ရဲ့  ရိက္ခာ ကိုယ်စီ ထုပ်ကြတယ်။

ဘာတွေ ထုပ်ကြမှာလဲ။
ဒါနလား၊ သီလလား၊ ဘာဝနာလား။
ဘယ်ထိ အရောက်သွားကြမှာလဲ။

ဘုန်းကြီး ဘ၀က
ကျည်ဆံ ရထားနဲ့  တူပါတယ်။
ခုတ်မောင်းရင် သာမန် အမြန်ရထားထက် မြန်တယ်။

လူ့ ဘ၀ အသိရှိသူတို့ က
သာမန် အမြန်ရထားနဲ့ တူတယ်။
ရိုးရိုးရထားထက် အထူး မြန်တယ်။

လူ့ ဘ၀ အသိနဲသူတို့ က
သာမန် ရိုးရိုး ရထားနဲ့ တူတယ်။
လော်ကယ် ရထားထက် မြန်တယ်။

လူ့ ဘ၀ အသိ လုံးဝ မရှိသူတို့ က
ရထားပျက် နဲ့  တူတယ်။
ရှေ့ ကို လုံးဝမတိုးတော့။

ဘယ်ရထားပဲ ဖြစ်ဖြစ်
ခုတ်မောင်းတဲ့ ရထားသာ
ဘူတာ ပန်းတိုင်ရောက်ပါမယ်။


မှတ်ချက်။ ။ စနေ နေ့  မှ ကြာသပတေးနေ့ ထိ ဓမ္မခရီး သွားပါမယ်။
အဲဒီအတွင်း စာရေးနိုင်မယ် မထင်မိပါ။

( ဥပမာ ဥပမေယျ အတွေး သက်သက်
ရေးချလိုက်တာပါ။)

ဒါလေးကိုလည်း အားပေးပါဦးလား။ ထိမယ် ။ မိမယ်။
မြတ်ရောင်နီ ရဲ့  ဆရာ့  ၀က်ဘဆိုက်လေး။

သာသနာရေးနဲ့ ဆိုင်တဲ့ အတွေးကွက်ကို ချခင်းပြထားတာပါ။

မူရင်းဆိုဒ်က http://mrmrt.blogspot.com/.



မြတ်ရောင်နီ
( ၂၇ ၊ ၀၈ ၊၂၀၁၀ )

.

No comments:

Post a Comment