တို့  ရွာ အလှူ ပွဲ ခြိမ့်ခြိမ့်သဲ
နွန်းဘာဂ် မြို့  ဘူတာရောက်တယ် ဆိုရင်ဘဲ
ဒကာလေးက ဓာတ်ပုံ ရိုက်ပါတယ်။
မြို့ ရဲ့  နန်းတော် မြို့ ရိုး တံတိုင်းကို နောက်ခံထားပြီး
ထပ်မံ ရိုက်ရှိပါတယ်။
အိမ်ခြံ ၀န်း အ၀င်မှာလည်း
မှတ်တမ်း အဖြစ် ဓာတ်ပုံ
ဟိုရှေးအခါတုံးကတော့ ပါဒေါဒကံ - ခြေဆေးရေ ပေါ့။
ခုခေတ်မှာတော့ သံဃာ ကြွလာတယ်ဆိုရင်ပဲ
အိမ်အ၀င်မှာ ခြေထောက်ကို သန့် ရှင်းပြီး
ကုသိုလ် လုပ်ကြလေတယ်။
အိမ်ထဲ ရောက်ပြီ ဆိုတာနဲ့ ပဲ
ကိုယ်ရဲ့ ရွာက ခုမှ ပြန်တွေ့ ရတဲ့ ဆွေမျိုးတွေ
စိတ်ရှိ ( ပါးစပ်ရှိ ) ပျော်တပြုံးပြုံး ရှိကြလေရဲ့ ။
ပြင်ထားတာက ဟိုတယ် မိုတယ် ပုံစံမျိုး
ရိုးရာမပြတ် သံဃဿ ဒေမ လုပ်ပြီး
နိဗ္ဗာန်ရည်မှန်း လှူကြပါတယ်။
အချိုပွဲ ခဲဖွယ်ဘောဇဉ်တွေက စုံလွန်းလို့ 
ဂျာမန် သမ္မတ ထက်တောင် စုံနေသေးတယ် လို့ 
တစ်ပါးက ပြောပါလေရော..။
ဆွမ်း အနုမောဒနာ တရားနာ၊
ပစ္စယနိဒ္ဒေသ ပဋ္ဌာန်းတရား နာပြီး
သာဓုခေါ် ရေစက်ချ ခဲ့ပါတယ်။
တို့ ရွာ အလှူပွဲ ခြိမ့်ခြိမ့်သဲ ဆိုသည်မှာ တို့ ရွာ က လူတွေရဲ့  အလှူဖြစ်ပါတယ်။ တို့ ရွာ အလှူပွဲ ဆိုတာ ကလည်း နိုင်ငံ အသီးသီးဆိုတာတွေက ကမ္ဘာ့ရွာ လို့  ဆိုကြတာမို့  တို့ ရွာ အလှူပွဲ ဆိုလိုက်တာပါ။ ကိုယ့် ရွှေရွာက ရွှေညီ အကို မိသားစုတွေပါ။ တစ်ဦးက မတည်ပြီး ဆွမ်းကပ်လိုက် တာနဲ့  အနီးမှာ ရှိတဲ့ ညီအကို မောင်နှမ တွေက ဒါန စုပေါင်း လုပ်ကြတယ်။ ခြိမ့်ခြိမ့်သဲ အလှူ တစ်ခု အောင်မြင်သွားခဲ့ပါတယ်။
လုပ်ပုံ လုပ်နည်းလည်း အတုယူစေတတ်ရန်
ရည်ရွယ်ကာ တင်လိုက်ပါတယ်။
ဝါသနာပါရင် က လို့ ရတယ်။
အဲ... ၀ါသနာပါရင် ကြည့်လို့ ရတယ်ပြောတာပါ။
ပြီးတော့ လည်း သာဓုခေါ်လို့ ရပါတယ်။
မြတ်ရောင်နီ
( ၂၄ ၊ ၀၈ ၊ ၂၀၁၀ )
.
အလှူကို စိတ်ထဲကမှန်းဆ
ReplyDeleteပြီးေ၇ာက်ခဲ့ပါတယ်ဘ၇ား
ဗျောတီးသံကြားလို့ အလှူကို ရောက်လာတာ၊ စားဖို့တော့ ဟုတ်ဘူး သာဓုခေါ်ဖို့ပါ။ လက်ညောင်းမှာစိုးလို့ မ “က”တော့ဘူးနော်။ :)
ReplyDeleteနောက်ကျပေမဲ့ ကုသိုလ်ပွားသွားပါတယ်။
ReplyDelete