ဆန့် ကျင်ဘက် အမှန်များ ( ၃ )
စကားကို လှေနံ ထားထစ် ( ဓားထစ် ) မှတ်လို့  မရဘူး ဆိုတာ မြန်မာစကားမှာ ရှိပါတယ်။ ဒီစကားက ပုံပြင်တစ်ခု ထဲမှာ ပြထားတာတွေ့ တယ်။ မြစ်ထဲ လှေတစ်စင်းကို လှော်သွားတဲ့ သူငယ်ချင်း နှစ်ယောက်ပေါ့။ နမော်နမဲ့နဲ့  စကား ပြောဆိုရင်းက အောက်မြုပ်ကျသွားတဲ့ ပစ္စည်း တစ်ခုက ဆင်းပြီး ဆယ်ယူဖို့  ဒီနေမှာပဲ ဆိုပြီး လှေနံရံမှာ ဓားနဲ့  ထစ်ထား တယ်။ မှတ်ထားတယ်။ လှေကို ဆက်လှော်လျက်ပဲလေ။ ဆင်းဆယ်ပေမယ့် ဘယ်တွေ့ မလဲ။ အပေါ်လှေနံရံ ဆိုတဲ့ တစ်ခု တည်းကို မှတ်ထားတာကို။ ပြီးတော့ လှေက သွားနေတာလေ။
အဲဒီလိုပါပဲ စကားတစ်ခုကို ပုံသေကားချပ် မှတ်ထားပြီဆိုရင်လည်း မှားတတ်တယ်။ နှိုင်းချိန်ဖို့  လိုတယ်။ အကြောင်းပြည့်စုံ ဖို့ လိုတယ်။ ဘာလို့ လည်း ဆိုတော့ စကားက သူ့ နေရာနဲ့ သူရှိတတ် တာပဲကိုး။ ဒါကြောင့် ဟိုတစ်လောဆီက ဆရာ ဘုန်းကြီးကို အွန်လိုင်းမှာ တွေ့ တော့ နှုတ်ဆက် စကား ဆိုပြီး ပြောဖြစ်ဆိုဖြစ်ခဲ့ပါတယ်။
ဆရာသမား ဘုန်းကြီး ဆိုသော်လည်း ငါဘဲ ဆရာ ဆိုပြီး ပြောနေတဲ့ ဘုန်းကြီးတော့ မဟုတ်ဘူး။ ကိုယ်က သူ့ ကို အားကိုး တကြီး မေးစရာ ၊ အကြံပေးဖို့ လျှောက်ထားရင် အားကိုးရသလို အကြံ ပေးသလို တစ်ခါတစ်ခါလည်း သူက ငါ ဆရာ ဆိုတာ အသာထားပြီး မေးပါတော့တယ်။
ကိုယ်ကလည်း ဆရာသမား ဘုန်းကြီးလို့  ကိုယ့်စိတ်ထဲမှာ သတ်မှတ်ထားပေမယ့်၊ လေးစားရတဲ့ သဘောပဲ ရှိတယ်။ ရိုသေရတဲ့ သဘောပဲရှိပါတယ်။ ကြောက်ရွံ့ မှု မရှိပါဘူး။ ဒါကြောင့်လည်း ဘုန်းကြီးက ဒီလိုဆို ကိုယ်က ဟိုလို ပြောလိုက် အချင်းချင်း ပြောရဲ သွားတာပါ။
စာအကြောင်း တရားအကြောင်း ဆွေးနွေးပြောတဲ့ အချိန်မှာတော့ ဆရာဆိုတာ အသာထားပြီး ဘုရားစကားကို အဓိက ဆွေးနွေးပြောကြတာပါ။ ကဲ ကြည့်လိုက်လေ။ ဆရာသမား ဘုန်းကြီးနဲ့  ချက်တင်း လုပ်ထားပုံလေး...
ဘုန်းကြီး: သဒ္ဓါတရားရှိပြီးပစ္စည်းအင်အားနည်းတဲ့ဒကာကိုသူ့ပစ္စည်းကိုကြည့်အလှူခံရတယ်။
9:55 AM သဒ္ဓါတရားနည်းပစ္စည်းအင်အားများတဲ့ဒကာကိုသူ့သဒ္ဓါတရားကိုကြည့်အလှူခံရတယ်။
9:56 AM နှစ်ခုလုံးများနေရင်တော့ ကိုယ့်အတွက်လိုအပ်သလောက်ပဲအလှူခံရတယ်
9:57 AM ၃-ခုပဲထင်တယ်၊ ကျမ်းကိုး မေ့နေတယ်။
me: တင်ပ ၊ ရှာလိုက်အုံးမယ် ဘုရား။
( တပည့်ကျော်ကို များ အထင်ကြီးလိုက်ပုံက...ဟေ ဟေ ဟေ...။)
9:59 AM ဘုန်းကြီး: နွားကလေး၇ှိတဲ့နွားမကြီးကိုနို့ညှစ်တဲ့အခါ
me: တင်ပ
10:00 AM ဘုန်းကြီး ဘုရား၊ ဓမ္မပဒ မောဂ္ဂလာန ၀တ္ထုကြည့်ပါဦးလား။
10:01 AM ဘုန်းကြီး: အကုန်မညှစ်ဘဲ ချန်ထားရတဲ့ဥပမာလိုပေါ့။
10:02 AM သံယုတ်ထဲလား ၊ ပဏ္ဏာသထဲမှာလားမသိဘူး။ ကျောင်းတိုက် နှစ်ပတ်လည် စာစောင် တစ်ခုမှာ ဆောင်းပါး တစ်ပုဒ်တောင် ရေးဖြစ်ခဲ့တာ။
10:06 AM me: တင်ပ။ တွေ့ တော့တွေ့ ဘူးတယ်။ မေ့နေတယ်။
ဘုန်းကြီး: မင်းများမှတ်မိမလားလို့
me: ဘုရား၊ ဆောရီးဘန္တေ။
10:07 ဘုန်းကြီး: မှတ်ဥာဏ်နည်းတာလား၊သမာဓိအားနည်းတာလားသိပါဘူး စာတွေမေ့ကုန်ပြီ
me: သညာ အနိစ္စာ ပါဘုရား။
( မှတ်ဥာဏ်တွေက မမြဲဘူး၊ ပျောက်တတ်တဲ့ သဘောသဘာဝ ရှိတယ်လို့ ဆိုလိုတာပါ၊ ဘုန်းကြီး အချင်းချင်းမို့ ပါဠိလို သုံးလိုက်တာပါ။)
10:08 AM ဘုန်းကြီး: ဟား--10:11 AM သင်ခဲ့ရသလောက်သာ မှတ်မိရင်ကောင်းမယ်။ ခုတော့ သညာ အနိစ္စာဆိုတော့လဲ။
10:12 AM me: တင်ပါ့၊ အသဇ္ဈာယ မလာ မန္တာ ကြောင့်လည်း ပါပါတယ် ဘုရား။
အနိစ္စာ ကိုလွဲချလို့  မရပါကြောင်း။
( အဲ ဒီလို ကိုးလို့  ကန့် လန့်  အမှန်ပြောထည့်လိုက်တယ်။ ဆရာ ဘုန်းကြီးက ရယ်မောပြီး သညာ က မမြဲလို့  ငါမေ့တာ ထင်တဲ့အချိန်။ အသဇ္ဈာယ မလာ မန္တာ- စာဆိုတာ ပြန်ပြန်လှန်လှန် ဆိုမနေ ရင် မေ့တတ်တာမို့  စာတွေ မပြန်မကြံလို့ လည်း မေ့ကြောင်း ပြောလိုက်ပါတယ်။ ကဲ .. ကြည့် ကိုယ့်ဖာသာ တစ်ယောက်ထဲဆွဲသွားပြီး၊ ကိုယ့်ဖာသာဘဲ ရှုးထည့်လိုက်တယ်။)
10:13 AM ဘုန်းကြီး: အင်း---အင်္ဂလိပ်လိုလိုဘာလိုလိုဆိုတော့ဘာမှမရတော့ဘူး။ ခုတော့ အင်္ဂလိပ်လဲမတတ်။ ပါဠိတွေလဲမေ့ဖြစ်ကုန်ရော။
me: အဲဒါပဲ အာရုံတွေများတာကြောင့်ပါ။
10:14 AM အာရုံတွေက မေ့ဆေးပါပဲဘုရား။
10:15 AM ဟုတ်ပါသလား ဘုရား။
( လုပ်ပြန်ပြီ၊ ကိုယ်ထင်တာ၊ မြင်တာ၊ တွေ့ ကြုံရတာ လျှောက်ကြားလိုက်ပါတယ်။ ပြီးတော့ သက်သေအဖြစ် ဟုတ်သလား- က ပြန်မေးရသေးတယ်။ အဲလို အဲလို။)
ဘုန်းကြီး: အဓိက တရားခံပေါ့။
6 minutes
10:22 AM me: သဠာယတနဝဂ္ဂအဋ္ဌကထာ
၃- ၆၈ မှာပါတယ်ဘုရား။
ဆရာ ဘုန်းကြီးမေးတဲ့ ဟာကို တစ်ဖက် ရှာရင်းက တွေ့ တာနဲ့  စာမျက်နှာနဲ့  စာအုပ်ကို ညွှန်း လိုက် ပါတယ်။ အဲဒီနောက် ဦးတင်ပါတယ် ဘုရား ဆိုပြီး ကိုယ့်အလုပ်ကို ဆက်လုပ်ခဲ့ပါတယ်။
အကျဉ်းချုပ်မှတ်ရန်။ ၁။ မှတ်ဉာဏ်သည် မမြဲခြင်း သဘောရှိ၏။ မေ့ခြင်းသဘောရှိ၏။
၂။ စာပေကျမ်းဂန်သည် မကျက်လျင်၊ လေ့ကျင့်မှုမရှိလျင် မေ့လျော့၏။ စာပြန်ထားပါက မမေ့ပါ။
( ဥပမာ- နမော တဿ မမေ့ပါ။ ခဏ ခဏ ဆိုနေလို့ ။)
ဒီလိုဆိုတော့ သူတို့ နှစ်ခု ဖြောင့်ဖြောင့်ကြီး
ဆန့် ကျင်နေတာမဟုတ်သော်လည်း
အနည်းငယ် ဆန့် ကျင် ဘက်လုပ်ပြောပြီး
ဆန့် ကျင်ဘက် အမှန်များသာ ဖြစ်ပါတော့တယ်။
ဆန့် ကျင်နေတာမဟုတ်သော်လည်း
အနည်းငယ် ဆန့် ကျင် ဘက်လုပ်ပြောပြီး
ဆန့် ကျင်ဘက် အမှန်များသာ ဖြစ်ပါတော့တယ်။
မြတ်ရောင်နီ
( ၁၉၊ ၀၈ ၊၂၀၁၀ )
.
( ၁၉၊ ၀၈ ၊၂၀၁၀ )
No comments:
Post a Comment