Pages

Sunday, April 18, 2010

နတ်လူ သာဓု ခေါ်စေသောဝ်



နတ်လူ သာဓု ခေါ်စေသောဝ်





၂၀၁၀ခုနှစ်။၁၄ ရက် နေ့ မှ ၁၇ ရက်ထိ။
၁၃၇၁ ၊ ၁၃၇၂ခု နှစ်ဆန်း တစ်ရက်နေ့ ထိ
၎ရက်တိုင်တိုင် ၂၄ နာရီ မဟာပဋ္ဌာန်းရွတ်ဖတ်
ပူဇော်ခဲ့ရာ အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။
ထိုကုသိုလ် အစုစုကို အမျှပေးဝေပါ၏
နတ် လူ သာဓု ခေါ်စေသောဝ်...
အမျှ အမျှ အမျှ
ယူတော်ကြမူကြကုန် လော...( သုံးကြိမ်)


ပထမ ဆုံး အကြိမ်




ကွန်ပျူတာနဲ့  ပဋ္ဌာန်း ရွတ်ဖတ်တာဆိုလို့  ဒါ ...ပထမ ဆုံး အကြိမ်ပါပဲ။
တစ်နေ့  ၄ နာရီ နှုန်းထားနဲ့  ရွတ်ဖတ်ဖူးခဲ့တာလဲ ပထမဆုံး အကြိမ်ပါပဲ။
ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ခဲ့တာ သံဃာ အနည်းဆုံး ရွတ်ဖတ် ပူဇော်
ကြတာလည်း ပထမဆုံး အကြိမ်ပါပဲ။
ပဋ္ဌာန်းနာကြတဲ့ ပရိသတ် အနည်းဆုံးကလည်း.....
နိုင်ငံအများပြားသိအောင် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်တာကို ကြေငြာတာလည်း...
၂၄နာရီ ပဋ္ဌာန်း စာအုပ် ငါးအုပ်ပြီးသွားသည်အထိ ပူဇော်တာလည်း...
(ပေယျာလ များ မြှုပ်ပြီး ရွတ်ဖတ် ပူဇော်လိုက်တာပါ)
ဂုဏ်ပကာသန မပါ... လှူဖွယ်ဗလာ...ပုံမှန်သဘာဝါနဲ့  ကျင်းပတာလည်း...
ဒီလောက်နဲ့ တော်ထားမှ....


ထူးထူးခြားခြား ဂျာမန်ဥူးဇင်းတစ်ပါး




ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်တယ် ဆိုတာ မြန်မာ သံဃာတော်များ ပြုလုပ်လေ့ရှိတဲ့
ပူဇော်မှု တစ်ခုမို့ မထူးဆန်းသော်လည်း ထူးထူးခြားခြား ဆိုတာက
ခု ဂျာမန် ဥူးဇင်း တစ်ပါးက နေ့ စဉ် ပဋ္ဌာန်း (ပစ္စယနိဒ္ဒေသ) တစ်ခေါက်
မိမိနဲ့ အတူ ရွတ်ဖတ် ပူဇော်ရုံသာမက ခု သင်္ကြန်ကာလ မှာလည်း
၎ ရက်ဆက်တိုက်တစ်နေ့  ၂ နာရီ ပူဇော် ခဲ့ပါတယ်။ ထို့ ကြောင့်...




မြတ်ရောင်နီ
(၁၈၊၀၄၊၂၀၁၀)

1 comment: