Pages

Friday, May 7, 2010

ဣတရီတရ - ရတာလေးနဲ့ 

ဣတရီတရ

ရတာလေးနဲ့ 







ဖိနပ်မရှိရင် ဆူးမရှိဘူး။( မောင်သစ်ဝေ၊ မြင်းခြံ) ရဲ့  ကဗျာအပိုင်းစ မှ။

မောင်သစ်ဝေ ဆိုတာ ကိုယ့်ရဲ့  ဆရာပါပဲ။ သူ့ ရဲ့  ခံစားချက်တဲ့ အတိုင်း ကဗျာတွေ ရေးဖွဲ့ တဲ့ ကဗျာ ဆရာပါ။သူ့ရဲ့  စာသားလေးကို ကိုယ်တိုင်ခံစားကြည့်တယ်။ ကိုယ်တိုင်လည်း သူ့ ကို တိုက်ရိုက် မေး ကြည့်ဘူးတယ်။

ဖိနပ်မရှိရင် ဆူး မရှိဘူးတဲ့။ သူက ရွာမှာ နေတုံး ဖိနပ် မရှိတဲ့သူတွေ ကို ကြည့်ပြီး ခံစားထားတာပါ။
ဖိနပ်မရှိတာနဲ့  ဆူးမရှိတော့ဘူးလား။ တကယ်တမ်းတော့ ရွာမှာ ကန္တာရဆူး။ ( ဂနယားဆူး) ခေါ်တဲ့ ဆူးအပင်က ပေါတယ်။ အောက်ပြည်နဲ့ မတူ။ အညာဒေသ ခြောက်သွေ့ တဲ့ နေရာမှာ ပေါက်တာ များတယ်။

ဆူးရှိပေမယ့် ဆင်းရဲသူ တစ်ယောက်အတွက်တော့ဆူးပေါမှန်းသိလျက်နဲ့  ဖိနပ် နပ်မှန် အောင် မစီးရတဲ့သူတွေလည်း ရှိရဲ့ ။ အဲလိုလူတွေက ဆင်းရဲ မှန်းသိလို့ ရုန်းကန်ရင်းက ချမ်းသာသွားတဲ့အခါ ဆူးကို နင်းမိမှာ ကြောက်ကြပြန်ပါတယ်။

ဆင်းရဲစဉ်က ဖိနပ်မရှိရင် ဆူးမရှိဘူး ဆိုတဲ့ဟာကို ခံစားသွားတာပေါ့။

ခု ဣတရီတရ - ရတာလေးနဲ့  ဆိုတာကလည်း ...
ချမ်းသာတဲ့ နိုင်ငံမှာ ကိုယ်ကလည်း သာသနာ့တာဝန် အရ နေရတယ်။ ဟုတ်ပါတယ်။ လူတွေ တကယ်ချမ်းသာကြတယ်။ ကြည့်လိုက်ရင် ဖိနပ် ၊ အ၀တ်စားကြည့်လည်း စူပါမာကတ်က ခုမှ ၀ယ်ပြီး ၀တ်လာသလား အောက်မေ့ရတယ်။ တကယ် သစ်လွင်တဲ့ အ၀တ်တွေကို ၀တ်ကြတယ်။
ဖိနပ်တွေ
ကိုစီးကြတယ်။

သူတို့ ကို ကြည့်ပြီးမြို့ မှာနေတာလား၊ တောမှာနေတာလားလည်း ခွဲခြားမရ။ ဆင်းရဲ ချမ်းသာလည်း ခွဲခြားမရ။ အားလုံးက ချမ်းသာတဲ့ ပုံစံမျိုး တွေချည်း တွေ့ ရတယ်။ ချွင်းချက်-များသော အားဖြင့်ပေါ့လေ။

ပြီးတော့ အားနာပါးနာ ကိုယ့်ပေါင် ကိုယ့်လှန်ထောင်းပြီး ပြောရရင် ကိုယ့်နိုင်ငံက လွဲလို့ အခြား နိုင်ငံ တွေက ဟန်း ဖုန်းကို ကိုင်နိုင်ကြတယ်။ ကိုင်နိုင်တာမှ လူတန်းစား မရွေးပါဘူး။

တစ်ခါတစ်ခါ ကိုယ့်နိုင်ငံ စိတ်က မပျောက်တော့ ကိုယ်ကလည်း မသိမသာလေး ပေါက် တဲ့ ခြေအိတ် ၀တ်မိပါတယ်။ အဲဒါ မ၀တ်ပါနဲ့  ဈေးပေါတယ်။ ဟုတ်လည်း ဟုတ်ပါရဲ့ ။ အတော် လေး ပေါပါတယ်တဲ့။ ပြီးတော့ ကိုယ်နဲ့နေသူက ဆက်ပြောပါတယ်။အထင်သေးခံရမယ်ပေါ့။

အော်..ဘုန်းကြီး ဆိုတော့ နဂိုရ်က ခြေအိတ်ဆိုရင်လည်း တစ်စုံပဲ ရှိတာကို။ များသောအားဖြင့် ရွာမှာတော့ တစ်စုံပဲ ရှိတာများ တာပါပဲလေ။ ဒါတောင် ဆောင်းတွင်းမှ ၀တ်ကြတာကိုး။


ဒီမှာတော့ တစ်နေ့ တစ်ခါလဲရသတဲ့။ ချွေးက ဘတ်တီးယားရှိသတဲ့။ အော်... လို့ ပဲ စိတ်ထားမှတ် ထားပါ ရဲ့ ။ ပေါတဲ့ဒေသ ဆိုတော့လည်း ဒီလိုပဲပေါ့။ ထားပါတော့လေ။

ခုပြောချင်တာက ဂျာမန်ဘာသာ သင်ယူနေတာက ထိုင်းကလပ်စ်မှာ။ သူငယ်ချင်းတွေကလည်း ထိုင်းတွေချည်းပဲ။ အဲ.. တစ်နေ့ တုန်းက ကျောင်းသူတစ်ဦးက ကိုယ့်ကို စိုက်ကြည့်သည်။ စိုက်ကြည့် တာက အပေါ်တင် မဟုတ်။ အောက်ပါစိုက်ကြည့်သည်။ အော်... ကောင်းလေစွာ့။သူအကြည့်ဟာ သူ့ အတွက်လည်း ကောင်း ကိုယ့်အတွက်လည်း ကောင်းတာပါပဲ။ အဖိုးတန် အကြည့်ပေပဲ။

သူကပြောတယ်။ လုံဖိ-ဥူးဇင်း ဖိနပ်က ဒီတစ်ရံပဲ ရှိတာလားတဲ့။
အင်း ဟုတ်တယ်လေ။ ဒီတစ်ရံပဲ။ ဆောင်းတွင်း ရှုးတော့ ရှိတာပေါ့။
ဟာ- ဖိနပ်ကြီးက အိုပြီး ရွတ်တွ နေပါ့လား။
ဗျာ... စီးလို့  ဖြစ်ပါ သေးတယ်ဗျာ။
ဟာ မဟုတ်သေးပါဘူး။ နံပါတ်ဘယ်လောက်လဲ ပြော။ စူပါမာကတ် သွားကြည့်ပြီး လှူပါ့မယ်။
အင်း ..ကောင်းတာပေါ့။ ဘယ်ညင်းမလဲ။ ငိုချင်ရဲ့ လက်တို့ - စကားပုံလို။ ၄၂ ဗျာ
တင်ပ- ဒီလို ဆို ရှာပြီး ၀ယ်ခဲ့မယ်နော်။
ဟုတ် ဟုတ် ။ သာဓု ဗျာ သာဓု။


( ပြောတဲ့ စကားတွေကတော့ ဂျာမန်လို ပြောတာ။ သူလည်း အဲလောက် မပြောတတ်ဘူး။ ကိုယ်လည်း အဲလောက် ပြောတတ်သူဆိုရင် နားလည် မှာ မဟုတ်တော့ဘူး။ သို့ သော် သူ့ ဆိုလို ရင်းက ဤသို့ သာတည်း။ ကိုယ်ကလည်း အာရှသာချင်း မပြောနဲ့  ရောက်ခါစ ဂျာမန်စကားမတတ်ဘဲ ဂျာမန်အစစ် ဂျာမန်လို ပြောတာတောင် ကိုယ့်လှူမှာဆိုရင် အမှန် နားလည်ပစ်လိုက်တာ။ ခုဟာက ဘာသာပြန်ဆိုတော့ ဖြောင့်နေတာပေါ့လေ။ )

အဲလို ပြောတာက စာမေးပွဲ ဖြေခါနီး တစ်ပတ်အလို။ ဘယ်အချိန်က သူ့ စိတ်ထဲမှာ လှူ့ ဖို့ ချောင်း နေ သလဲတော့မသိ။ ဒီနေ့  စာမေးပွဲ ဖြေပြီးမှ သွားဝယ်ဖြစ်တယ်။ အလှူအောင်မြင်သွားတယ်။ ဖိနပ် ဆိုင်တုန်းက အကိုက်ပဲ ဆိုပြီး ယူလာတာ။ ခုတော့ ၄၁ ဖြစ်နေတယ်။ နဲနဲငယ်နေတယ်။ သွားပါပြီ၊ အိုး... မိုင် ဗုဒ္ဓ ! ! ။


ဣတရီတရ - ရတာလေးနဲ့  နေတတ်တာလည်း ကြာပါပီ။ ဖိနပ်ဟောင်းမှန်းသိတာပေါ့။ အကောင်းတော့ ၀တ်ချင်တာပေါ့။ စာက ကဿ သာဒုံ န ရုစ္စတိ- ဘယ်သူ အကောင်း မကြိုက်ဘဲ ရှိလိမ့်မှာလဲတဲ့။ ၀တ်ချင်ပေမယ့် အကောင်းရှိမှ အကောင်း ၀တ်လို့ ရမှာပေါ့။ ခုတော့ ဖိနပ်အဟောင်း ကလည်း ကိုယ့်အတွက်တော့ ခြေထောက်လုံပါရဲ့ ။

အလှဆိုတဲ့ အရာက ရှိတဲ့သူတွေရဲ့  အရာပါ။ ရှိတဲ့သူတွေက လှသထက် လှအောင် လုပ်ကြတာပါ။
ကိုယ့်အနေနဲ့ မောင်သစ်ဝေ မြင်းခြံ ပြောသလို ဖိနပ်မရှိရင် ဆူးမရှိဘူး ဆိုသလို ပါပဲလေ။ လှတာ တစ်ခုတော့ ရှိတယ်လို့  အောက်မေ့ရဲ့ ။ အဲဒါက ဣတရီတရ - ရတာလေးနဲ့  ။


ဒါက ဖိနပ်ရှိသေးတယ်။ အခြားအစားသောက် စတာတွေလည်း
ရွှေမန်း တင်မောင် ပြောသလို ထိုနည်း၎င်း.. ထိုနည်း၎င်း ...ဣတရီတရ - ရတာလေးနဲ့ ပါပဲလေ ။

မြတ်ရောင်နီ
( ၀၇၊၀၅၊၂၀၁၀)

3 comments:

  1. ဖိနပ်နံပါတ်က ကိုယ်နဲ့ မတော်ဘူးဆိုရင် ဆူပါမားကတ်မှာ ပြန်လဲလို့ ရပါတယ်။ ဈေးဝယ်တဲ့ ဘောင်ချာတော့ ပြဖို့ လိုလိမ့်မယ်။

    ReplyDelete
  2. တီတွံအောင်ကို
    ကျိကျိတက်နေပါရောလား!။

    ReplyDelete