Pages

Monday, November 15, 2010

ဖြေဆည်နိုင်ကြပါစေ

ဖြေဆည်နိုင်ကြပါစေ

ဘ၀ဖြစ်လာရတာလည်း ဆင်းရဲ ပါပဲ၊
အိုမင်းရွတ်တွ ကိုယ့်အလိုမစွမ်းနိုင်တာလည်း ဆင်းရဲပါပဲ။
နေမကောင်း မကျန်းမာဖြစ်ရတာလည်း ဆင်းရဲပဲ။
သေရတာလည်း ဆင်းရဲ ပဲ။

ပြီးတော့ ဆင်းရဲအမျိုးမျိုး အဖုံဖုံ
စတာတွေကိုလည်း တွေ့ ကြုံရအုံးမယ်။


နောက်ဆုံး ခန္ဓာရှိနေသရွေ့ 
ဆင်းရဲတွေ့ ကြရအုံးမှာဆိုတာကို
အကျဉ်းချုပ် ဗုဒ္ဓက ဟောကြားထားတော်မူပါတယ်။

တစ်နေ့ မှာတော့ ဘုန်းဘုန်း အားကိုးတကြီးနဲ့  ဆိုသလို
ဒကာမ ဖြစ်သူက အီးမေးလ်ကနေ ရင်ဖွင့် လျှောက်ထားပါတယ်။

ဒကာမ: ဘုန်းဘုန်း.တပည့်တော်ရဲ့ အကိုငယ် ဆေးရုံမှာ အသဲအသန်ဖြစ်နေတယ်တဲ့။
.အဆုတ်ရောဂါ အဆင့် ၃ ဆိုတော့ဆေးလည်း မတိုးတော့ဘူးဆိုပြီးအမကပြောနေလို့ ။
ဒီနေ့တော့ ၀မ်းနဲတာတွေရောဝမ်းသာစရာတွေ ရောပါဘဲ။
လူဆိုတာတနေ့သေဆုံးခြင်းနဲ့အဆုံးသတ်ရမှာသိပေမယ့်
ဖြေမဆည်ဘူး
Reply

Forward

ဒကာမ is not available to chat

Reply
|
ဘုန်းဘုန်းဘိုတေ
to ဒကာမ

show details 10:17 pm (2 days ago)

ဒကာမ

ဒီလိုပဲပေါ့ကွယ်။
တစ်ခါတစ်လေတော့လည်း...

လူတိုင်းတွေ့ ရမှာက
ဖြစ်ချင်တာ မဖြစ်ဘဲ
မဖြစ်ချင်တာလည်း
ဖြစ်ရပြန်သေးတယ်။

ကိုယ့်ကိုယ်ကိုတောင် မပိုင်ဘူး မဟုတ်လား။
ကိုယ့်ကိုယ်ကို ပိုင်ခဲ့ရင်
ခုလို တွေ့ ရတဲ့ အဖြစ်ပျက်မျိုးကို
ဝမ်းနည်းစရာ ရှိပါအုံးပါတော့မလား။

မပိုင်လို့ ကို ၀မ်းနည်းနေရတာပေါ့။
ပိုင်ခဲ့ရင် ၀မ်းနည်းစရာ ဘယ်သူမှ မလိုဘူးနော်။
ပျော်စရာလေးတွေပဲ ဖြစ်ချင်မှာပေါ့။
ဖြစ်မှာပေါ့ဗျာ။

အဲဒါလေးတွေကို
သေချာဖတ်
သေချာစဉ်းစားကြည့်နော်။

ကိုယ့်ကံလေး
ကိုယ့်အထုပ်ကိုယ်စီနဲ့ 
လာကြတာပါနော်..။


ဖြေဆည်နိုင်ပါစေဗျာ..


မေတ္တာဖြင့်
ဘုန်းဘုန်း

ဒီလိုလေး သူ့ ဆီကို အီးမေးလ်ဖြင့် စာပြန်ရေးလိုက်ပါတယ်။
ခုတော့ သူလိုပဲ တစ်ခုခု တွေ့ ကြုံရခဲ့သော် ...
ဖြေဆည်နိုင်ဖို့  ရေးသားလိုက်ပါတော့တယ်။


သတိထားဖွယ် ။ ။ အားလုံးသော စာဖတ်ကြသူ သူတော်အပေါင်းတို့ 
တရား သင်ခန်းစာ ယူကြပါကုန်လော။
ကိုယ့်အလှည့်လည်း ရောက်လာပေအုံးမည်။



မြတ်ရောင်နီ
( ၁၅ ၊ ၁၁ ၊ ၂၀၁၀ )


1 comment:

  1. ၀မ်းနည်းမှုတွေဆို လက်မခံချင် ၀မ်းသာမှုတွေကိုသာလိုချင်တာ လူ့တွေရဲ့ထုံးစံပဲထင်ပါတယ်ဘုရား... တပည့်တော်တို့ ၀မ်းနည်း ၀မ်းသာမှုတွေ
    ကို လက်ခံနိုင်အောင် ကြိုးစားပါအုံးမယ် ဘုန်းဘုန်းဘုရား။

    ReplyDelete