Pages

Saturday, January 16, 2010

ဘာသာ စကား

ဘာသာ စကား
ကာယ၀ိညတ္တိ ၀စီဝိညတ္တိ ၀ိညတ္တိ ရူပံ နာမ။ (အဘိဓမ္မသင်္ဂဟ ပါဠိ)။
မိမိအလိုဆန္ဒကို သူတစ်ပါးအား သိစေနိုင်သော အမူရာထူးကို
"၀ိညတ်" ရုပ်ဟု ခေါ်၏၊ ကာယ၀ိညတ် ဟူသည် ကိုယ်ဖြင့်သိစေတတ်သော
အမူရာထူးတည်း၊ ၀စီဝိညတ်ကား နှုတ်ဖြင့်( စကားဖြင့်) သိစေတတ်သော
အမူရာတည်း။

ချဲ့ ဦးအံ့- လက်ယက်၍ ပြရာ၌ လာစေလိုသည်- ဟု သူတစ်ပါး သိစေ
နိုင်ခြင်းသည် လက်ယက်လိုက်သည်တွင် ပါဝင်သော ကာယ၀ိညတ် ရုပ်၏
အစွမ်းတည်း။လာခဲ့ပါ- ဟု အသံပြုရာ၌ လာစေလိုသည် ဟု သူတစ်ပါးက
သိနိုင်ခြင်းသည် ထိုအသံတွင် ပါဝင်သော ၀စီဝိညတ်ရုပ်၏ အစွမ်းတည်း။
(အခြေပြု သဂြိင်္ုဟ်- စာမျက်နှာ-၃၄၃)

ဒီစကားတွေကို ကြည့်ပါက ကိုယ်တို့ တစ်တွေ လူသားမှန်သမျှ


ဘာသာ စကား ကတော့ လို့ ကို လိုပါလိမ့်
မယ်။လူသားမှန်သမျှ လို့  ပြောလိုက်
ပေမယ့် တိရစ္ဆာန်များလည်း သူ့ ဘာသာ စကား ရှိနေကြသည်သာ။

လူသားမှန်သမျှ အဆင်ပြေအောင် ဘာသာ စကား သင်ရလိမ့်မယ်။ သင်တဲ့နေရာမှာ
လည်း သူ့ ဒေသ သူ့ လူ
မျိုးအလိုက် သင်ရတာပါ။ ကိုယ်နေသည့် နေရာအလိုက်ပေါ့။
ဒီလိုမဟုတ်ရင်လည်း သူ့ ဒေသစကား မဟုတ်
ပေမယ့် အများနားလည်တဲ့
စကားကို သင်ရမှာပင် ဖြစ်တယ်။


ဆိုပါစို့  မြန်မာနိုင်ငံနေရင် မြန်မာစကား တက် ရင် အတော် အဆင်ပြေတယ်။
တိုင်းရင်းသားတွေ စာသင်လာကြပြီ၊ဆိုရင် ၊ စီးပွါးရေး လုပ်ကြပြီ ဆိုရင် မဖြစ်မနေ

သူတို့  မြန်မာစာ သင်ကြတယ်။ သူ့ နေရာမှာသာ နေရင် ဘာမှမသင်ဘဲနေရင် ရတယ်။
အဲလိုပဲ မြန်မာ ဆရာဆရာမတွေ
တိုင်းရင်းသား နယ်တွေ ဆီ သွားရင် သူတို့ 
ဘာသာ စကား သင်ရတယ်။ ဒါမှ စာသင်တဲ့ အခါ လွယ်မယ်။


စီးပွါးရေး လုပ်သွားတဲ့ အခါလည်း ဒီလိုပါပဲ။ ကိုယ့်ဘာသာ တစ်ခု ဆိုဖြစ်နိုင်တယ်
ဆိုတဲ့ အနေထားကတော့ ဘယ်မှာ မသွားဘဲ နေက မသင်လည်း ရတယ်။ နဲနဲလေး
ရွေ့ လိုက်တာနဲ့  အဲဒီဒေသက လူတွေ ရဲ့  စကား
သင်လိုက်ရင် အဆင်ပြေမှုက ပိုမို
သိလာရတယ်။
တစ်ခြား ဘာသာစကားတွေ ပြောမယ်ဆိုရင် ပါးစပ်က ချည်း ပြောရတာ
မဟုတ်ဘူး။ လက်ကော ခြေထောက် ကော ခေါင်းကော လှုပ်လို့  ရတာ နဲ့  သူ့ နေရာနဲ့ 
သူ အံဝင် ဂွင်ကျအောင် ပြောလို့  ရတယ်။


ဟိုတစ်ချိန်က တောင်မြို့  နေခဲ့စဉ်က ပေါ့။ နိုင်ငံခြားသား တွေ ကျောင်းထဲ လာတဲ့ အခါ
တစ်ခါ တစ်ခါ နိုင်ငံခြားသား
တွေ အပေါ့ အလေး ကိစ္စ အခက်တွေ့ တတ်ကြတယ်။
အဲဒီအချိန်မှာ ကျောင်းထဲ သံဃာတွေကလည်း ခုလောက် အင်္ဂလိပ်စာက လည်း
ခေတ်မစားသေး၊
ကျိုးတိုးကျဲတဲ တော့ သင်နေကြပါပီ။ ယခုလောက်မပေါများသေး။ ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ဆိုတ်သူက နဲသေးတာကိုး။အဲ-ဒကာမကြီး
တစ်ယောက်ပေါ့။ သူ က အပေါ့အလေး ကိစ္စသွားဖို့  သန့် စင်အိမ်ကို မေးတာပေါ့။
အနီးနား
ရှိတာက ကိုရင်တွေ၊ ဥူးဇင်းလေးတွေ ဘာပြောတာလဲမသိဘူးပေါ့။
ဒကာမကြီးက တော်တော်လေး ဂိုးချင်
နေပြီ။ သူ့ ဝမ်းတွင်းက ဧည့်သည် ပို့  ချင်နေပြီ။

နောက်ဝစီဝိညတ်နဲ့  ပြော မရတဲ့ အဆုံး ၊ ကာယ၀ိညတ်နဲ့ 
စကတ်ကို မ-ပြ လိုက်တယ်။
ပြီးတော့ ထိုင်တဲ့ အမူရာ လုပ်ပြန်တယ်။ အနီးနားရှိတဲ့ ကိုယ်တော် က
အော..... ဟော ဟိုမှာလို့  ပြလိုက်တော့တယ်။( အိုး ဟိုး ဟိုး.... ရှင်းသွားပါရောလား)။


ဒါကိုပဲ ကြည့်။ ကိုယ်တစ်ခုလုံးက သူများကို နားလည်အောင် လုပ်သွားတာပဲ။
ခါင်းညိတ် ခေါင်းရမ်း ခြင်းနဲ့ လည်း သူဘာပြောတယ်ဆိုတာ သိနိုင်တယ်။
ခေါင်းရမ်းရင် နားမလည်ဘူး။ မလုပ်ဘူး ဆိုတာမျိုး။ ညိတ်တာ
နဲ့  နားလည်တယ်။
ဟုတ်တယ် ဆိုတာမျိုး။ ဒါပေမယ့် ဒီနေရာမှာ ပြောထားချင်တယ်။ ခေါင်းညိတ်
ခေါင်းရမ်း
တာက လည်း တစ်သမတ်တည်း ဒီလို မှတ်လို မရဘူးနော။

သီရိလင်္ကာမှာ နေခဲ့စဉ်ကပေါ့။ သီရိလင်္ကာ ခေါင်းညိတ်တာ ရှားရှားပါးပါးတွေ့ 
ခဲ့တယ်။ သူတို့  ဟုတ်တယ်၊
လုပ်မယ်၊ စားမယ် ဆိုရင်လည်း ခေါင်းက ရမ်းတယ်။
မဟုတ်ဘူး၊မလုပ်ဘူး၊ မစားဘူး- ဆိုလည်း ခေါင်းက
ရမ်းတယ်။ ခေါင်းညိတ်တဲ့
အမူရာ ပျောက်နေတယ်။

ခေါင်းရမ်းချင်းတော့ မတူဘူး။ ခေါင်းသက်သက်ရမ်းတာနဲ့ ၊
မေးလေးနဲ့  ခေါင်းရမ်းတာ
ခွဲသိရတာပေါ့။ တက်စီကား အားလားဗျို့ - မေးလေးလှုပ်ပြီး ပြောတယ်ဆိုရင်

အဆင်ပြေတယ် ။ ပစ်ပစ်ခါခါကြီး ရမ်းရင်တော့ မအားဘူးပေါ့။

အဲဒီလို သိထားတဲ့ကိုယ်။ ဘုရား ဖူးသွားခိုက်၊
ရောက်လာတဲ့ သံဃာအသစ်တွေ
အတူတူ သွားခဲ့ကြတာ။ ကိုယ်က သီရိလင်္ကာ
စကားကို သွားသွားလာလာ
လေးတော့ တတ်တယ်။ ကွေ့ မယ်၊ ရှေ့ တည့်တည့်မောင်းပေါ့။ အဲဒီလိုနဲ့ 

ကားဒရိုင်ဘာဘေးကနေ ပြီး နောက်က သံဃာက ပေါက်တောလို့  ပြောပေးစမ်းပါ
ဆိုရင်လည်း ကားရပ်ဖို့ 
ပြောလိုက်။ ရေဆာတယ် ရေ၀ယ်မလို့  ရပ်ခိုင်းပါဦးဆိုရင်
ပြောလိုက်နဲ့ ။ ဘယ်အချိန် ဒရိုင်ဘာက အတတ်ကောင်း တက်သွားတယ် မသိဘူး။

ဟေ့ ဟိုနားကျ ရပ်မယ်နော။ သံဃာတွေ ရေဆာလို့  ရေးဝယ်
မယ်ပေါ့။ ဒရိုင်ဘာက
ပါးစပ်က မပြောဘဲ ခေါင်းညိတ်လို့  ၀မ်းဒါဖူးလ် ဖြစ်သွားတယ်။ သံဃာတွေလည်း
တ၀ါးဝါးပေါ့။ ဘယ်သူသင်ပေးတာ
လဲ ဆိုတော့ နောက်က ကိုယ်တော်တဲ့။
ကဲ ဒါပဲဗျာ။ ဒရိုင်ဘာပြောတာ နားလည်သွားပြီ။

စကားမပြောတတ်ပဲ အမူရာနဲ့  လှုပ်ရှားသွားတဲ့ ကိုရီယား ဇာတ်ကားလိုပေါ့။
ဒီမှာလည်းတွေ့ တယ်။ အပြင်မှာလည်း တွေ့ ဘူးပါတယ်။ အား အား အား...
အမ်း အမ်း အမ်း... ဆိုပြီး အမူရာနဲ့ သာ ပြောသွားတာ။ နားထောင်တဲ့သူ
နားလည်အောင် ထိ ပြောသွားနိုင်တာပဲ။ ရွှေအ- ဆိုတာလေ။ တို့ ရွှေတို့ က
အ-တာတောင် ရွှေအ - ပါတဲ့ ဗျား။

နောက်တစ်ခုက လူမျိုးတိုင်းလိုလို ကိုယ့်ဘာသာ စကားကို ပြောတတ်တယ်ဆိုရင် သဘောကျတယ် ဆိုတဲ့
အချက်လေးပေါ့။ ရှမ်းကိုရင်လေး ကရင်ကိုရင်လေး မြန်မာ
စကား မပီကလား ပီကလား၊ ယူဆေ့ဂ်ျ တွေကာ မှား
။ ထမင်းစားတာကို မှတ်ထားပြီး။
ရေကိုလည်း စားမယ် ဖြစ်ချင်ဖြစ်။

ကိစ္စမရှိဘူး။ မြန်မာက နားထောင်ရင် ရေ
မစားမှန်း။ ရေသောက်တယ် လို့  သိတယ်။
အဲလို မှားတာကိုပဲ။ ၀ဲတဲတဲ ပြောတာကို ချစ်စရာ လို့  မြင်တတ်တယ်။ အဲ ကိုရင်လေး မြန်မာစကားတတ်တယ်တဲ့။ မှားတာမှန်တာကို မပြောတော့ပါဘူး။ ကိုယ့်
ဘာသာ
စကားကို သူပြောတာကိုး။


အဲလိုဘဲ ဖြစ်လိမ့်မယ် ထင်မိရဲ့ ။ ကိုယ်ကလည်း သီရိလင်္ကာ ရောက်တော့
သီရိလင်္ကာစကား သွားသွားလာလာ ရအောင်။ ဈေးဝယ်တတ်၊ ဈေးဆစ်တတ်အောင်
က သင်ခဲ့သေးတယ်။ ခု ဒီရောက်တော့
ဂျာမန်စကားတဲ့။ ဈေးဝယ် ဈေးဆစ်၊ ဖို့ သာ မဟုတ်တော့ဘူး။ တကယ့်ကို လေ့လာမှ ဖြစ်တော့မှာ ဆိုပြီး
လေ့လာနေရတယ်။

ခု နားလည် သွားတာက ဘာသာစကားက ဘယ်ဘာသာ ကိုပဲ သင်သင်၊ သင်တဲ့ဘာသာကတော့ အသုံးဝင်မယ်
လို့  ယူဆပါတယ်။ အသုံးချမယ့်နေရာကို
ရွေးပြီးတော့လည်း ပိုင်ပိုင်နိုင်နိုင်လေး သင်ယူသင့်တယ်။ ကိုယ်လို မတတ်
တခေါက်
သီရိလင်္ကာ စကားလေးက ဒရိုင်ဘာဘေး နေခွင့်ရပြီး နေရာညွန်ခွင့်ရခဲ့တယ်။

ဒါတင် မကသေး
ဘူး။ ဂျာမဏီမှာ ရှိတဲ့ သီရိလင်္ကာတွေကလည်း သူတို့ လာပြီး
ဆွမ်းကပ်တဲ့ အခါ တစ်လုံးစနှစ်လုံးစ ပြောတတ်တဲ့ သူတို့  စကားလေးကို ဒီ ဟာမူးသရူး
-က သီရိလင်္ကာနေခဲ့တာ။ သီရိလင်္ကာစကားလည်း
တတ်တယ်တဲ့။ ( ဟာမူးသရူး=
ဘုန်းကြီး)။ ကိုယ့်ကိုယ်ကို မတတ်မှန်းသိထားတော့ နေရတာ ခက်ကြပ်ကြပ်။


ခု တစ်ဆင့်တိုးပြီး နှုတ်ဆက်စကား အတိုထွာ ထိုင်းစကားက သင်ထားရသေး။ တမင်္ဂလာတော့ မဟုတ်ဘူး။
ကလပ်စ်မိတ် အားလုံးက ထိုင်း ကျောင်းသား
ကျောင်းသူတွေ။ သင်တန်းဆရာမက ထိုင်း ဆိုတော့။ ဂျာမန်လိုရှင်းလိုက်။ ထိုင်းလို
ရှင်းလိုက်။ထိုင်း
လို ရှင်းရှင်း ပြတာ များတော့။ ဘယ်ဟာက ဘာဆိုလိုတယ် ဆိုတာ သဘောပေါက်လာတယ်။ တစ်လုံးစ နှစ်လုံးစ လည်း သိလာတယ်။ သိလာတဲ့ စကား
လေးတွေကို သူ တို့  ပြန်ပြောပြရင် သူတို့ တစ်တွေက
ပြုံးလို့ ၊ ပျော်လို့ ။ သူတို့ ကလည်း
ကိုယ့်ကို ခေါ်တာက လုံဖိ တဲ့။ အဟဲ- ပရိုးနောင်း သုံးတာပါ။ (လုံဖိ-ဥူးဇင်း)။

သူ့ တို့  ဖာစာ နဲ့  ပြောတာ။ သူ့ တို့ ဖာစာ က မြန်မာလို ဘာသာ၊ ပါဠိလို ဘာသာ
ဖြစ်တယ်။ (ထိုင်းဘာသာ=ဖာစာ ထိုင်း) လို့  ပြောတယ်။ သူ့ တို့ အသံထွက်က
အသံမပြင်းဘူး ဗုဒ္ဓေါ-ကို ဖုတ်ထော-တဲ့။


သာသနာပြုဆိုတဲ့ စာတမ်းအောက်မှာ နေပြီ ဆိုရင် တော့ အင်္ဂလိပ်စာ သက်သက်
ကိုဘဲ သင်ရုံမဟုတ်ဘဲ အခြား
ဘာသာ စကားလည်း လေ့လာသင့်ပါတယ်။

ခု ကိုယ်နဲ့  အတူနေတဲ့ ဘုန်းကြီးနှစ်ပါးက တစ်ပါးက ထိုင်းစကားကို ပိုင်ပိုင်
်နိုင်နိုင်ပြောတတ်သလို၊
တစ်ပါးက တရုတ်နဲ့  ဂျပန်ကို ပိုင်ပိုင်နိုင် ပြောတတ်တယ်။
အင်္ဂလိပ်စကားကို စကားထဲ ထည့်ပြောမနေနဲ ။့အင်္ဂလိပ်စကား က သူတို့ မိခင်စကား
လိုပြောနေကျ ဆိုနေကျတာကိုး။

အင်္ဂလိပ်
ကို ဘာသာစကား တစ်ခု တက်တယ်လို့  ပြောစရာ မလိုဘူး ရယ်လို့ 
ဆရာဘုန်းကြီး တစ်ပါးက ပြောခဲ့ဘူးတ
ယ်။ သိပ်မှန်ပါတယ် ။

ဆိုတော့၊ ထိုင်းဒကာ ဒကာမတွေ လာရင် ဂျာမန်လို တက်ပေမယ့် ထိုင်းလို
ပြောလို့ ရတဲ့ ဘုန်းကြီးကို ပို ပြောချင်မယ်လို့  ယူဆပါတယ်။ ပြောလည်း ပြောတာ
အမြင်ပါ။ ကျောင်းလာကြတာကလည်း လူမျိုးက
စုံတယ်။ တရုတ်နဲ့  ဂျပန်က
တစ်ပါး တာဝန်ယူပေါ့။

ကိုယ်ဖြစ်ဖြစ်မြောက်မြောက် ပြောတတ်တာက ရွှေစကားသာ။
ရွှေလာမှ အသုံးချဖြစ်ရမှာပါ ဂလား။တော်သေးရဲ့  အင်္ဂလိပ်လိုလေး နည်းနည်းပါးပါး
တတ်သမို့  ဟောလို့  ပြောလို့  ဖြစ်နေတာ။သင်လို့  ပြုလို့  ဖြစ်နေတာ။

ခုတော့ သဘောပေါက်သွားပြီ။

ဘာသာစကား တတ်မြောက်လျင် အချင်းချင်းကိုလည်း ကူညီနိုင်မယ်။
ပညာရေး ၊စီးပွါးရေး ၊လူမှုရေး လုပ်နိုင်မယ်။
ဘာသာစကား ကလည်း တရားဖြန့် ဝေပေးတဲ့ နေရာမှာ အသုံးဝင်ပါ့လား...။

ကဲ အားလုံး - ပေါက်ရင်၊ လှုပ်ရှားကြပါစို့ ....။

မြတ်ရောင်နီ
(၁၆၊၀၁၊၂၀၁၀)


No comments:

Post a Comment