Pages

Friday, June 4, 2010

ဆယ့်နှစ်လ နာမည်များ


ဆယ့်နှစ်လ နာမည်များ


၁။ စိတ္တမာသ - တန်ခူးလ
၂။ ဝေသာခမာသ- ကဆုန်လ
၃။ဇေဋ္ဌမာသ- နယုန်လ
၎။အာသာဠှမာသ-၀ါဆိုလ
၅။သာဝနမာသ-၀ါခေါင်လ
၆။ပေါဋ္ဌပါဒမာသ-တော်သလင်းလ
၇။အဿယုဇမာသ- သီတင်းကျွတ်လ
၈။ကတ္တိမာသ- တန်ဆောင်မုန်းလ
၉။မာဂသိရမာသ-နတ္တော်လ
၁၀။ဖုဿမာသ- ပြာသိုလ်လ
၁၁မာဃမာသ-တပို့ တွဲလ
၁၂။ဖဂ္ဂုနမာသ-တပေါင်းလ


မှတ်ချက်။ ။ ဝေသာခ Vesakha Roman အင်္ဂလိပ်လို ရေးပြီး Vesak ဝေဆက်ဒေး၊ ကဆုန်လပြည့်ဗုဒ္ဓနေ့ ၌လည်းကောင်း၊ ထို့ အတူ AsarLa Pujar အာဆာလ ပူဇာ ၊

ဝါဆိုလပြည့်နေ ၌လည်းကောင်း၊ Margha Pujar မာဃ ပူဇာ တပိုတွဲ လပြည့်၌လည်းကောင်း
ပါဠိ နာမည်ကို အသုံးပြုကာ နိုင်ငံ အသီးသီးက ဗုဒ္ဓပွဲတော်များ ကျင်းပကြပါသည်။
( ပါဠိ နှင့် မနီးစပ်သည့် မြန်မာလူဝတ်ကြောင်များ အဖို့  သိရှိစေရန် တစ်ဆယ့်နှစ်လ
နာမည်ကို ပါဠိလို ရေးသား တင်ပြလိုက်ပါသည်။)

မြန်မာနိုင်ငံနိုင်ငံမှာကား သိရှိထားကြသည့်အတိုင်း မြန်မာလို နာမည်ပေးပြီး ကဆုန်လပြည့်
ဗုဒ္ဓနေ့ ၊ ၀ါဆိုလပြည့် ဓမ္မစကြာနေ့ ၊ တပိုတွဲလပ်ြည့် သြ၀ါဒ ပါတိမောက်နေ့ စသဖြင့် ကျင်းပလေ့ရှိ ပါသည်။


မြတ်ရောင်နီ
( ၀၄၊၀၆၊ ၂၀၁၀)

No comments:

Post a Comment