Pages

Saturday, June 19, 2010

စိတ်ပါလက်ပါ ငိုခဲ့ဘူးသည်



စိတ်ပါလက်ပါ ငိုခဲ့ဘူးသည်

အသက် ( ၃၀ )ကျော်မှ ယောကျာ်းမတန်ဘဲနဲ့  ကျခဲ့ရတဲ့ မျက်ရည်လို့  ပြောရင် ပြောကြပါစေ၊
ဘုန်းကြီး မတန်ဘဲနဲ့  ကျခဲ့တဲ့ မျက်ရည်လို့  ပြောရင် ပြောကြပါစေ။ ဟန်ဆောင် ပန်ဆောင် ငိုတာ မဟုတ်ပါ။ ရင်တွင်း လှိုက်ဖို နှလုံးသား က တင်ပို့ လိုက်လို့ မျက်ရည်ကို ဘယ်သူ မှ မမြင်လိုက်ဘဲ
ကျခဲ့ ဘူးပါတယ်။
မထိန်းနိုင်တဲ့ အတွက် မထိန်းဘဲ အားရပါးရ စိတ်ပါလက်ပါငိုခဲ့ဘူးပါသည်။

ငိုတာဟာ ၀မ်းနည်းလို့  ဆိုတာ လူတိုင်း သိကြပါရဲ့ ။ ကိုယ်ကလည်း ၀မ်းနည်းလို့ ပါဘဲ။
သို့ သော် ၀မ်းနည်းလို့  ငိုတဲ့ အကြောင်းများတွင် ကိုယ့်အတွက်တော့ တစ်ခုကြောင့်သာ-

၁။ စာမေးပွဲ ကျရှုံးခဲ့ လို့ လေလား
၂။ ရည်းစားက လွဲခဲ့လို့ လေလား
၃။ ချဲ ၊ ဘောလုံးပွဲ လောင်းကစားလုပ်တာ ရှုံးခဲ့လို့ လေလား
၎။ သက်ရှိ မိဘနဲ့  ပါတ်သက်ခဲ့လို့ လား
၅။ ဆွေမျိုး အရင်းချာထဲက တစ်ဦးဦး သေဆုံးသွားခဲ့လို့ လား
၆။ အခြား အကြောင်းကြောင်းများရှိခဲ့လို့ လေလား


လာရောက် ဖတ်ရှုကြ အားပေးကြတဲ့ စာဖတ်သူတို့ ရဲ့  ထင်မြင်ချက်ကို လိုလားပါတယ်။
အဖြေကား တစ်ခုခုတော့ တစ်ခုခုပါပဲလေ...


ထင်မြင်ချက်များ ရေးပြီးသည့်နောက် အဖြေကို ...

အတိကျ အားမနားတမ်း မရှက်တမ်း ဆောင်းပါး ရေးသွားပါမယ်။

ထင်တာမြင်တာကို ရေးသွား ပြောသွားနိုင်ပါတယ်။ ကျေးဇူးတင်စွာ


မြတ်ရောင်နီ
( ၁၉ ၊ ၀၆၊ ၂၀၁၀ )

1 comment:

  1. သက်ရှိမိဘနဲ့ ပတ်သက်တာ
    ဒါမှမဟုတ်
    အခြားအကြောင်းဗျာ။
    ဘဂိနိတော့
    စိတ်ထဲမခံစားနိုင်လို့ ငိုတယ်ဗျာ။

    ReplyDelete