Pages

Thursday, June 17, 2010

မိန်းမ ရှာမယ် ၊ အဲဒီ မိန်းမက...



မိန်းမ ရှာမယ် ၊ အဲဒီ မိန်းမက...

ဒီနေ့  သင်တန်း သွားတတ်တာကတော့ ထူးထူးခြားခြားပါပဲ ၊ သင်တန်းသွားတတ်ရင်း ဒီစကားလုံးလေး ရလာတယ်။ သင်တန်းဆိုတဲ့ အတိုင်း ဆရာမကြီးက ကြီးပြီ ဆိုသော်လည်း အသင် အပြ ကောင်းတယ်။ ဟန်ပန် အမူအရာနဲ့ ကိုပဲ သင်တန်းသားများ နားလည်သဘောပေါက်အောင် အတော်ကြိုးစားရှင်းပြတယ်။ ဂျာမန်ဆရာမပဲ ဂျာမန် သင်တာ ကောင်းမှာဘဲလို့  မထင်လိုက်လေနဲ့ ။ မြန်မာစာ ဆရာမကလည်း မြန်မာစာ အသင် အပြ ကောင်းချင်မှ ကောင်းတာကိုး။ ကဲ ရှိပါစေတော့။

ဒီနေ့  သင်တဲ့ သင်ခန်းစာက ပရိုနောင်းပါ။ ဂျာမန်ဘာသာ စိတ်ဝင်စားစရာ ကောင်းတာက အချို့  ဂရမ္မာတွေဆိုရင် ပါဠိနဲ့ သွားတူတယ်။ ဆိုပါစို့ ... ဂျာမန်မှာ လိင် သုံးလိင် ခွဲထားတယ်။ ပါဠိမှာလည်း သုံးလိင်ပဲ။ ပြီးတော့ ဂဏန်းသချာင်္မှာလဲ အင်္ဂလိပ်လို One = တစ် ၊ တစ်လုံးသိရုံနဲ့ မဖြစ်သေးဘူး၊ ယောကျာ်း လေး ဆိုရင် Ein မိန်းခလေးဆိုရင် Eine ၊ ရေ ဆိုရင် Ein တဲ့။ ပါဠိမှာလည်း ယောကျာ်းလေးဆိုရင် ဧကော ၊ မိန်းခလေးဆိုရင် ဧကာ ၊ စိတ် ဆိုရင် ဧကံ ဆိုပြီး ရေးရတယ်။

အဲလိုပဲ Case တွေမှာလည်း ဂျာမန်က Cases ၄မျိုးသုံးတယ်။ ပါဠိကတော့ Cases ၇မျိုးတောင်
သုံးတယ်။ နောက်က နောင်းပုဒ်ကြည့်ပြီး ရှေ့ က ၀ိသေသနပုဒ်တွေ ထားရတယ်ပေါ့။ ကဲ ဒါလည်း ရှိစေတော့။နောက်မှ အကျယ်ချဲ့ပါတော့မယ်။

ခု ပရိုနောင်း သင်တော့ ဆရာမက သင်တန်းသားများ စိတ်ဝင်စားမည့် Ich suche einen Mann,... ၊ Ich suche eine Frau,... လို့  ရေးချလိုက်တယ်။ ဆိုလိုတာက ကျမ ယောက်ျား ရှာမယ်, အဲဒီ ယောကျာ်းက ၊ ကျနော် မိန်းမ ရှာမယ် အဲဒီမိန်းမက - တဲ့။ ပရိုနောင်းက အဲဒီယောကျာ်း အဲဒီ မိန်းမကို ဘယ်လို ပရိုနောင်း ရေးမလဲပေါ့။

စကားလုံးများများလဲ ရအောင် တစ်ယောက်တစ်မျိုးစီ ပြောဖို့  ဆရာမက လမ်းခင်းပေးထားတယ်။
ခက်ပြီ တို့ တော့၊ ထိပ်တိုက်ကို တွေ့ တော့တာပါပဲလား ၊ ဒီစကားလုံးက ငါနဲ့  မဆိုင်ဘူး ၊ ဘယ်လို လုပ်ပါ့ မလဲ။ ကိုယ်နားနီးနေတဲ့ တရုတ် ကောင်လေး ပြောပြတယ်။ ငါက ဘုန်းကြီးလေကွာ။ ဘယ်လို လုပ်မလဲ ၊ တီးတိုး ပြောလိုက်တယ်။ သူတို့ က တော့ အဆင်သင့်ပေါ့လေ။

လူတွေပဲ သူတို့ လိုချင်တာ ပြောတော့တာပေါ့။ အဲ.. ပြောကြတာကတော့ မိန်းခလေးတွေက လည်း ရှက်တဲ့ အမူရာနဲ့  မပြောဘူး ၊ ရဲရဲတင်းတင်း သူတို့ လိုချင်တာ ပြောတော့တာပဲလား။

ဟုတ်တော့လည်း ဟုတ်သား ၊ လူပဲလေ ရှက်စရာတော့ ဟုတ်ဘူးနဲ့ တူတယ်။ ကောင်လေး တွေကလည်း ... မိန်းမ ရှာမယ် ၊ အဲဒီ ကောင်မလေးက လိမ်မာရမယ်။ တစ်ချို့ ကတော့ အဲဒီ ကောင်မလေး က ပညာတော်ရမယ်၊ အဲဒီကောင်မလေးက ငါ့ကို ချစ်ရမယ် စသဖြင့်ပေါ့။

ကောင်းမလေးတွေကလည်း ယောကျာ်းရှာမယ် ၊ အဲဒီ ယောကျာ်းကဥာဏ် ထက်မြက်ရမယ်။ တစ်ချို့ ကတော့ အဲဒီယောကျာ်းက ငါ့ကို အမြဲ ပျော်အောင် ထားသူဖြစ်ရမယ်။ သူတို့ ပြောတဲ့ စကား တွေက စိတ်ဝင်စားစရာပါပဲ။ ချမ်းသာရမယ်၊ ရုပ်ချောရမယ် ဆိုတာ မပါဘူးလေ။

သူတို့ က အဲလို တစ်ယောက် တစ်ပေါက် ၊ တစ်ယောက်တစ်မျိုး ပြောလေလေ ကိုယ်က အူယား လေလေ။ အဲ... ပါးစပ်ယားလေလေ။ ဘာပြောရမယ် ဆိုတာ အတွေး တစ်ခု ပေါ်လာတယ်။ အဲဒါနဲ့ ပဲ ကိုယ်က လက်ထောင်လိုက်တယ်။ Ich လို့  ပြောလိုက်တယ်။

အဲ... အားလုံးက ကိုယ့်ကို ကောင်းကောင်း သိနေကြပြီးသား။ သင်္ကန်းကို ကျနစွာ ရုံပြီး ထားတာဆိုတော့၊ ရောက်တဲ့ နေ့ က စပြီး ငါ ဘုန်းကြီးပါဆိုတာ သေချာ ရှင်းပြထားရတယ်။ တစ်ချို့ ကလည်း မသိတော့ ကလေးရှိလား၊ ဘာလား ညာလားပေါ့။
ငါ က အမြဲ လူပျိုကြီး၊ ဗုဒ္ဓဘာသာ ဘုန်းကြီးဆိုတာအမြဲလူပျို လို့  တစ်တစ်ခွခွ ပြောထားရတယ်။
(တောထွက် ဘုန်းကြီးတွေ အတွက်တော့ ကိုယ့် စကားက အချောင် ပွတာပဲ။)

ပြီးတော့ ရောက်ခါကစ လက်ဆွဲ နှုတ်ဆက်ချင်ကြတာ။ အဲလို မလုပ်ရဘူး ဆိုတာ ကိုလည်း
ရှင်းပြထားတယ်။ လက်အုပ်ပဲ ချီရတာလို့  သေချာပြောထားလေတော့...
ခု Ich လို့  ပြောလိုက်ရော သူတို့ တစ်တွေက ၀ိုင်းကြည့်ကြပါသကော။ ကြည့်ရုံတင် မပြီးသေးဘူး။ ဟာ... ဘုန်းကြီး ဘုန်းကြီး ဆိုပြီး လှန်းအော်တဲ့ ခပ်နောက်နောက် ကောင်လေးက ပါသေးတယ်။

တရုန်းရုန်း တညံညံ ပွဲစည်သွားတာပါပဲလား။ ကိုယ်က ပြောချင်နေပြီ စကားက စနေပြီ၊ ဆူညံသွားလို့  ပြောလို့ မရသေးဘူး၊ ဆရာမက ရှူး.... ဟေ့ နေကြအုံး၊ နေကြအုံး ၊ သူပြောတာ နားထောင် အုံးပေါ့ လို့  ပြောလိုက်မှ ကျောင်းသားများ တိတ်သွားတယ်။

အဲဒီ အချိန်မှာ ကိုယ်ကလည်း အားကျမခံ မတတ်မတတ် နဲ့  ပြောလိုက်တာ ဆရာမတော့ သဘောပေါက်သွားတယ်။ ကိုယ်ပြောလိုက်သည့် စာသားကတော့ အမှားသာ။ Ich suche eine Frau , die Aktiv Meditation interessiert.( အမှား ) ဆရာမ ပြင်ပေးတဲ့ ၀ါကျမှာ တိကျ မှန်ကန် တဲ့ ၀ါကျလေး ဖြစ်လာတယ်။ Ich suche eine Frau , die sich für Meditation interessiert.

အဲသလို ပြောလိုက်တော့ မှ ( ၀ါး..ဟား ဟား .. ဟား...ဟာ...ဟ။) ကျောင်းသား ကျောင်းသူများ ရယ်လိုက်ကြတာ။ ကိုယ့်ကို ကြည့်ပြီးတော့လည်း ဂွတ် ၊ ဂွတ် ၊ လက်မတွေ ထောင်ထောင်ပြပြီး ချီးမွမ်း စကား ဆိုပါတော့တယ်။

ဆိုလိုသည်မှာ ကျနော် မိန်းမရှာမယ်၊ အဲဒီ မိန်းမက တရား အားထုတ်တာ စိတ်ဝင်စားသူ ဖြစ်ရမယ်။အားလုံး သဘောကျပြီးနောက်မှာတော့ ဆရာမကို လှမ်းပြောလိုက်သေးတယ်။ တစ်ယောက် မဟုတ် ဘူး ၊ အများကြီး ရှာရမယ်လို့ ။

ကဲ... အားလုံး သံသယ ရှင်းပြီနော်။ ကိုယ်ရှာတဲ့ အဲဒီ မိန်းမက ဒီလိုပါခင်ဗျာ။



မှတ်ချက်။ ။ အတွေ့ ကြုံကို တင်ပြခြင်း သက်သက်သာ ဖြစ်ပါတယ်။


တွေ့ ကြုံလာတဲ့ အခြေနေကို လူကြားထဲမှာ ပြောပြ လိုက်တာလည်း

ကိုယ့်ရဲ့  သာသနာကို ကြေငြာပြီးသား ဖြစ်ပါ စေရောပေါ့။



မြတ်ရောင်နီ

(၁၇၊ ၀၆၊ ၂၀၁၀)



1 comment:

  1. ဆရာမကြီးက အသင်အပြကောင်းတယ်ဆိုတော့ ပညာရေးမှာ ဦးဇင်း ကံကောင်းတာပေါ့။

    ReplyDelete