Pages

Sunday, June 20, 2010

အေးအေး ဆေးဆေး နေလိုပါသလား ?


အေးအေး ဆေးဆေး နေလိုပါသလား ?


အေးဆေး ဆေးဆေး နေလိုပါသလား။ ကိုယ့်ဖာသာမေးပါ။ တကယ် နေလိုတယ် ဆိုရင်-
အေးအေး ဆေးဆေး နေလိုက်ပေါ့။

ဘလော့တွေ လျှောက်ဖတ်နေတာလား။ စိတ်အေးစရာနဲ့ တွေ့ ရင် တော်ရဲ့ ။ ကိုယ်မကြိုက်တာ စကားလုံး တစ်လုံးလောက်တွေ့ တာနဲ့  စိတ်က မအေးတော့ဘူး။ ပြီးတော့ ဒါက ရယ်စရာ ကောင်း တယ်။ ပျော်လိုက်ပြန်ရော။ ပျော်စရာလေး ပြီးသွားတော့ အပျော်က စတော့ပ် သွားပြန်ကာ ပျင်း သွားပြန်ရော။ ဒါက ဖြစ်တတ်တဲ့ စိတ်သဘော သဘာဝပေါ့။

နောက်ပြီး ကိုယ်သဘောမခွေ့ ၊ မတွေ့ တာ တွေ့ ပြန်တော့ ဒါကြီးက ဘာကြီးလဲ ။ အဲလို ရေးသင့်လို့ လား။ ဘာလား ညာလားနဲ့ ။ စိတ်ထဲမှာ မသိုးမသန့်  စိတ်ကို ခလောက်တဲ့ အနည်များ ထအောင် ကိုယ့်ဖာသာ နှောက်ယှက် မိပြန်ရော။

စိတ်ကတော့ အေးအေး ဆေးဆေး နေချင်တယ်ဆိုပြီး ငြိမ်ငြိမ်မနေချင်ဘူး။ ငြိမ်ငြိမ်နေမှ အေးတာ။ ဟိုတစ်ချိန်က စာဝါလိုက်ခဲ့စဉ်ကပေါ့။ တိပိဋက ယောဆရာတော်ရဲ့  အဆုံးမကို သွားပြီး သတိရမိတယ်။ ငြိမ်ငြိမ်နေ ငြိမ်းအောင်ကျင့်-တဲ့။ တိုတိုလေးတော့ တိုတိုလေးပါပဲ။

အေးအေး ဆေးဆေး နေလိုသူ အတွက် ထိတယ် ၊ မိတယ် ။ အပို အလို မရှိ စကားလေးပါ။
သူတော်စကား အပ်ဖျားရေစက် အနက် ပင်လယ်- တဲ့။ အဲဒီတုန်းက နားလည်ခဲ့တာထက် ခုမှ နက်နဲ မှန်းသိလာခဲ့တယ်။

အဲဒါဆိုတော့ ဘလော့တွေ တစ်ခုပြီး တစ်ခု ဖတ်သင့်လား ၊ မဖတ်သင့်ဘူးလား ။

အေးတယ် ထင်ရင် ဖတ်ပေါ့။ ဆက်ပေါ့ ။ အေးအေး ဆေးဆေး ဖြစ်မှာပါ။ မအေးဘူး ထင်ရင် ရပ်လိုက်ပေါ့။ ဆက်ဖတ်ရင် ကိုယ်ဘဲ မအေးဘူးဆိုတာ ဖြစ်လာမယ်။ ကိုယ့်ဖာသာ ဆုံးဖြတ်ပြီး ဖတ်ပါလေ။

အကောင်းဆုံး အေးအေး ဆေးဆေး နေလိုက ကိုယ့်စိတ်လေးကို ဘာဖြစ်နေတယ် ကြည့်နေဖို့ ပါဘဲ။ တရားထိုင်ထိုင် ၊ တရား ထထ ၊ တရား သွားသွား ၊ တရားလျောင်းလျောင်း ပါ။
ကိုယ်ကြိုက်တဲ့ ကိုယ်နဲ့ သင့်လျော်တဲ့ အနေထားနဲ့  တရားမှတ်နေရင် အေးအေး ဆေးဆေး နေလို သူများ အတွက်တကယ် အေးအေး ဆေးဆေး ဖြစ်ပါကြောင်း...။



အေးအေးဆေးဆေး နေလိုသူတို့ အတွက် ရည်ရွယ်ကာ သတိပေး ရေးလိုက်ပါတယ်။
အားလုံး အေးအေး ဆေးဆေး ရှိကြပါစေသောဝ်...

မြတ်ရောင်နီ

( ၂၀ ၊ ၀၆၊ ၂၀၁၀ )


.

No comments:

Post a Comment