ကိုယ်ပြုလုပ်ခဲ့သမျှ မှတ်တမ်း

ဖိတ်စာ မဟုတ်ပါ။
လှလှပပ လေး ပြင်ဆင်ထားပြီး
သင်တန်းမှာ လေ့ကျင့်ခန်း ရေးထားတဲ့
သင်တန်းသားတစ်ဦးရဲ့ စာရွက်တစ်ရွက်

ဂျာမန်ဘာသာ ဆိုတဲ့...ခေါင်းစဉ်ကို
ကိုယ်ကြိုက်နှစ်သက်တဲ့ ပုံစံမျိုးရေးပြီး
တစ်ဦးနဲ့ တစ်ဦး ရေးသားပုံကို အတုယူဖို့ အတွက်
ဤသို့  အတန်း အပြင်ဘက်မှာ ချိတ်ဆွဲထားပါတယ်။

သင်တန်း ကာလ ပြီးသွားချိန်မှာတော့
တက္ကသိုလ်ခန်းမထဲ မှာ စာဖြေသွားရာ
တက္ကသိုလ် အဆောက်ဦ အတွင်းက ခန်းနားမှု
အမှတ်တရ ဓာတ်ပုံ

ကဲ... ပုံကို သေချာ ကြည့်ဦး။
သူတို့ ရဲ့  လွတ်လပ်မှုကတော့ တကယ်ပဲ။
ပုံရဲ့ ဘေးမှာ ဘာမှ ရစ်နှောင်ထားတာ မရှိဘူး။

ဒီ ဥရောပမှာ က
ဦးခေါင်းလေးတွေ သက်သက်ကိုလည်း
မြတ်မြတ်နိုးနိုး ဂုဏ်ပြုထားတာ တွေ့ ရတယ်။

စာမေးပွဲ မဖြေမီ စာမေးပွဲ ခန်းမထဲမှာ
ဝါသနာဆိုတော့ အခက်သား။
တတ်သိပညာ မနေသာ ဆိုသလိုမျိုး
ရှိသည့်ကင်မရာ မနေသာ- ဆိုရမလိုလို။

စာမေးပွဲ ခန်းမထဲသို့ မ၀င်မီ
သူငယ်ချင်း တစ်ချို့ နှင့်အတူ
အမှတ်တရ

အညာသား ဘုန်းဘုန်း တော့
ဟောဒီ သူငယ်ချင်း ကပ္ပလီ အာဖရိကမ နှစ်ယောက်ရဲ့  ကြားမှဘဲ
အသားတော် ဖြူဖြူဖွေး လေတော့တယ်။
မှတ်ချက်။ ။ ကြည့်လိုသူတို့ ဝါသနာပါက နှစ်ခေါက်ထပ်ကြည့်စေ။
ဒါ့ထက် အားမရသေးပါက
စိတ်ကြိုက်အပြန်အလှန်လှန် ထပ်ကြည့်စေ။
မကြည့်လိုသူတို့  တစ်ခေါက်ထဲနဲ့  ခွင့်လွတ်ကာ
မတိမ်းမစောင်း ဗိန်းမောင်းတီးပြီး အမြန်ပိတ်စေ။
သင်ခန်းစာ အနေဖြင့် ကိုယ်လိုရာဘက်သို့ ဆွဲကာ ယူနိုင်စေ။
လာရောက် အားပေး ကြည့်ရှုသူအပေါင်း
ကိုယ်စိတ် နှစ်ဖြာ ရွှင်လန်းစေ။
မြတ်ရောင်နီ
( ၂၀ ၊ ၀၇ ၊ ၂၀၁၀ )

ဘုန်းဘုန်းက မြင်းခြံကပဲ တပည့်တော်ရဲ့ မြင်းခြံသူ သူငယ်ချင်းလေး မဆီမဆိုင် သတိရသွားမိတယ်။
ReplyDeleteတပည့်တော်တို့ အားလုံးကို သေသေချာချာ ကြည့်သွားပါတယ်။
ReplyDelete