Pages

Monday, July 12, 2010

ရှင်သာမဏေ ဘ၀မှသည် လူ့ ဘ၀ သို့ 


ရှင်သာမဏေ ဘ၀မှသည် လူ့ ဘ၀ သို့ 





စားစရာ သောက်စရာကို ဆွမ်း လို့ ခေါ်ပါတယ်။
ဥရောပ ဆွမ်းများကတော့ မြင်တဲ့အတိုင်းပဲ...






ကျောင်းရှေ့ မှာ ဆွမ်းခံသွားဖို့  ပြင်ဆင်နေသည့်ပုံ





ကိုရင် ၀တ်ရင် ဆွမ်းခံသွားရတယ် ဆိုတဲ့ အကြောင်း
ကောင်းကောင်း နားလည်သွားတယ်။





ဘာဝနာမျိုးစေ့ ရရှိဖို့ 
မြစ်ဘေးရှိ တောအုပ်လေးမှာ
တရားဘာဝနာများ ပွါးများနေဟန်




ခုတော့ ရှင်သာမဏေ ဘ၀မှသည် လူဘ၀ သို့ 
ပြောင်းလဲဖို့ ပြင်ဆင်နေပြီ။
ရှင်သာမဏေဖြစ်ရာ ဖရိုက်ဇင်းမြို့ နှင့်အတူ




နေရစ်ခဲ့တော့ ဖရိုက်ဇင်း ရေ...




တရားနာယူချင်တယ် ဆိုတာနဲ့  ဒကာဒကာမများရဲ့  ပင့်ဖိတ်ချက် အရ
ဖရန့် ဖို့  မြို့ အနီး။ Pfungstadt မြို့ လေးမှာ ကြွရောက်ခဲ့ပါတယ်။

အဲဒီမြို့ မှာလည်း ဆွမ်းခံလှည့်လည်ခဲ့ပါတယ်။
ခရီးအနည်းငယ် ဝေးနေတာနဲ့ မြန်မာ ကပ္ပိယများ သပိတ်ကိုင်ပြီး
သာသနာပြုကြပါတယ်။





တို့ မြန်မာတွေက ဒီလိုလေးတွေ
သာသနာ ပြုချင်စိတ်များ တဖွားဖွား ရှိကြလေတယ်။





ခုတော့ သာသနာတွင်းက သားဖြစ်သူကို ပြန်လည်ပြီး
မူလပိုင်ရှင် သို့  ပြန်အပ်လိုက်ပါတော့တယ်။

ရှင်သာမဏေ ဖြစ်ပြီးကာစ မှာတော့ သမဏဿ အပစ္စံ - သာမဏေရော ၊ ကိုရင် ဟူသည် ဘုန်းကြီး သား-ဆိုတဲ့ စကား အရ အလှူ ရှင်မိသားစုတို့ ကို ကိုရင်ဖြစ်သွားပြီ ဆိုတော့ ဘုန်းကြီးသား ဖြစ်သွား ပြီ ဖြစ်ကြောင်း ရှင်းပြခဲ့တယ်။ မှန်၏။ ဆရာ တပည့်ဆိုတာ တပည့်က ဆရာသမားအပေါ်မှာ အဖေ စိတ်ထားရမှာ ဖြစ်သလို၊ ဆရာက တပည့်အပေါ် သားစိတ်ထားရမယ်လို့  ၀ိနည်းပါဠိတော်မှာ ပညတ် တော်မူထားတာ ရှိပါတယ်။




( တရားဟောသွားရာ ခရီး နှင့် ပတ်သက်၍
အတွေ့ ကြုံများ၊ ဓာတ်ပုံများ

ဆက်လက် ရေးသားပါဦးမည်။ )



မြတ်ရောင်နီ

( ၁၃ ၊ ၀၇ ၊ ၂၀၁၀ )




1 comment:

  1. သာဓုခေါ်ပါတယ်ဘုရား။

    ReplyDelete