ဂျာမဏီမြေပေါ်ရောက်တယ် ဆိုရင်ပဲ ၊ အင်မီဂရေးရှင်းမှာ လေဆိပ်အရာရှိသူတွေ
အခြား နိုင်ငံခြားခရီးသွားများကို ပတ်စပို့ ပြခိုင်းပေမယ့် ဘုန်းကြီးဆိုတာ သိလို့ 
ထင်ပါရဲ့ ။ ကြွပါတဲ့။သွားပါ သွားပါပေါ့ လေ။ ဟာ... မဆိုးဘူးဟ၊ ဦးစားပေးသားပဲပေါ့။
အဲဒီအချိန်မှာ စိတ်ထဲ ပျော်သွားတယ်။ နောက်သူများသွားတဲ့ နောက် လိုက်သွားတာ
ပေါ့၊ အင်တာနေရှင်နယ် တောသား၊ ဘာမှတ်သလဲ၊ ကိုယ့်ဖာသာ စိတ်ထဲ သိသိကြီး။
ကိုယ့်အိတ်ကို ဘယ်နေရာထုတ်ယူရမယ် မသိသေး။ ဒါနဲ့ သူများတွေက သွားတာ
ချင်း မတူတော့ဘူး။ ဘယ်ဆက်လိုက်ရမလဲ မသိတာနဲ့  တွေ့ ထဲသူကို မေးလိုက်တာ
excuse me! ...အပိုင်ကျက်ထားတာ။ ဟိုမယ် အင်ဖေါ်မေးရှင်း ဌာနရှိတယ်။
မေးဖို့ ခန့် ထားတဲ့ သူတွေ-ဆိုတာနဲ့ ပဲ အဲဒီကသူကို ပြန်မေးလိုက်တယ်။
ဟိုသွား အဲဒီကနေ ဟိုဘက်ကွေ့ ၊ ပြီးတော့ အောက်ဆင်းသွား...။ သူပြောသမျှလိုက်မှတ်ပြီး သွားလိုက်တာ..ရောက်သွား ပါရောလား၊ တွေ့ ပြီအိတ်။ ကဲ တစ်ခုတော့ စိတ်အေးရပြီ။
သူငယ်ချင်း ဂျာမန်ဘုန်းကြီး လာမယ်ကြိုမယ်တဲ့။ ဘယ်အပေါက်က ထွက်ရမှာလဲ။
ကျယ်လိုက်တဲ့ လေယာဉ်ကွင်း။အင်တာနေရှင်နယ် အဲယားပေါ့တ် ဆိုတော့ ကျယ်ပေမကိုး။
ပြောဖို့ မေ့သွားလို့  ၊လေယာဉ်ကွင်းက Frankfurt ဖရန့် ဖို့ တဲ့။ သူငယ်ချင်းကို ဒီလို
လိုက်ရှာလို့ တော့တွေ့ မှာ မဟုတ်ဘူး၊ ငါ့ ပါးစပ်က ပြောဖို့  စားဖို့  ကိုယ်ခန္ဓာမှာ အင်္ဂါတစ်ခု
အနေနဲ့ ထည့်ထားတာ။ ပြောရမယ့်အချိန်ဘဲ မေးမှ ဖြစ်တော့မယ်ဆိုပြီး မေးပါသကော။
မေးပေမယ့် ငါက အင်္ဂလိပ်စာ မပြောတတ်ဘူးတဲ့။ ဟိုမှာ သွားမေးတဲ့။ နှစ်ခါရှိတာ
တောင် မမှတ်သေး။ ကိုယ့်အသိက အင်ဖေါ်မေးရှင်း ရှိတာကို မျက်စိက မရှာမိခဲ့။
အင်ဖေါ်မေးရှင်းက အရာကို ပြောတော့ အရာရှိက မိုက်နဲ့ တပ်ပြီး အော်ပေးပါလေ
ရော။ သိပ်မကြာခင် ဂျာမန်ဘုန်းကြီး ရောက်လာတယ်။ ၀ဲသား မကောင်းလို့  နောက်
ကျသွားတယ်ပေါ့။ ရပါတယ်ပေါ့၊ ကိစ္စနမရှိပါဘူး။ သူကလည်း ဦးချ အရိုသေပြုပြီး။
ပြောလိုက်ပုံက သပိတ်ပါတယ် မဟုတ်လားတဲ့။ အေးပါတယ်။ ဒီလာမယ် ဆိုကတည်းက
ငါ သပိတ်ပြင်ထားတာ။ သူငယ်ချင်း တစ်ပါး က ရှာပေးတာ။ ဖတ်တီးမန့် ခ် လေ။
တိုက်တိုက်ဆိုင်ဆိုင်ကွာ ကိုလံဘိုရှိ မြန်မာသံရုံးဒကာ ဒုလ္လဘ၀တ်တုံးက ခဏအသုံးပြု
ထားတာကို သူငယ်ချင်းက ဟာ ဘိုတေ အတွက် ဆိုပြီး ယူထားတာပေါ့။ သပိတ်အိတ်က
လည်း ငါ့ သူငယ်ချင်း မြန်မာပြည်ကနေ အိန္ဒိယ၊ အိန္ဒိယကနေ တစ်ဆင့် သီရိလင်္ကာ
ရောက်လာတာပေါ့။ ကိုယ်ကလည်း သူက ဒီသပိတ်ပါကြောင်းကို သူသိအောင် ပြောပြ
ရတာပေါ့။ ကိုင်း ... ဒီလိုဆိုရင် တို့  စခြေလှမ်း လှမ်းကြမယ်။ ဗျာ...ဘယ်သွားမလဲပေါ့ ။
မေးလိုက်တော့။ ခုစောသေးတယ် ဒီဖရန့်ဖို့  မြို့ ကနေ ဒို့  မြူးနစ်မြို့  သွားမှာ။ အင်း
..အေးလေ..သွားကြတာပေါ့ကွာ..။ ကဲ စကြမယ် ဟေ့ ကောင်းကောင်း..။ စားကြမယ်
တော့ မဟုတ်သေးဘူး။ အချိန်က ၁၀နာရီခွဲ ၀န်းကျင် ရှိသေးတော့ စားသောက်ဆိုင်က
လည်း ခုမှ ချက်တုန်း ပြုတ်တုန်း။ ဆွမ်းခံ သွားရပ်တာက ထိုင်း စားသောက်ဆိုင်။
အလုပ်လုပ်နေတဲ့ ဒကာမကြီးက မသိလို့ လေလား၊ မကျက်သေးလို့ လေလား မသိ။
ဆွမ်းခံရပ်တဲ့  ဘက်ကို လှည့်မကြည့်။ ဆွမ်းခံဝတ်ဆိုတာလည်း မရှည်မကြာ ရပ်ခြင်း
ဆိုတာ ရှိတယ်မဟုတ်လား။ အကြာကြီး မမြင်မချင်း စောင့်လို့ လည်း မဖြစ်။ ဒီလိုနဲ့ 
ရာသီဥတုကလည်း မိုးဖွားဖွားကျနေတာမို့ ..။ ကိုယ့်လူရေ လစ်ကြအောင် ဒကာမကြီးက
မမြင်ဘူး..။ အချိန်လည်း ကြည့်ဦး လေယာဉ်ထွက်သွားမယ်ပေါ့။ အင်း ဒါဆို ကဲ လေယာဉ်
စီးမယ့်နေရာ သွားကြမယ်ပေါ့။ ဒါနဲ့ ဘဲ လေယာဉ်ကွင်းထဲ ပြန်ဝင်မယ်ဆိုပြီး၊ပြန်လာကြတာ။
လက်မှတ်က မရှိသေး။ E-ticket ဆိုတော့ Check-in Machine က နေ ပြီး ဒက်.
ဒက်..ဒက် နှိပ်လိုက်တာ လက်မှတ်ထွက်လာကိုလည်း ငေးကြည့်နေတာ။ အော်...ဖွံဖြိုးတိုးတက်တယ် ဆိုတာ ဒါပါ့လား... လက်မှတ်ရောင်းတဲ့ ကောင်တာထီး
ကောင်တာမ တောင် မမြင်ရပါလား။
Lufthansa နိုင်ငံအတွင်း ပြေးဆွဲတဲ့ လေယာဉ်နဲ့  စီးလာခဲ့တယ်။
အင်း ...စိတ်ထဲမှာတော့ တထင့်ထင့်...ဒီနေ့ တော့ နေ့ ဆွမ်း စားရဖို့ တောင်မမြင်တော
့ဘူးနဲ့ တူတယ်...။ ၁၁ကလည်း ထိုးပြီးနေပြီ။ ဖြစ်ပုံက အချိန်က ဘယ်လောက်
စီးရမှန်းလည်း မသိ။ ဖြစ်သမျှ အကြောင်းအကောင်းပေါ့လေ။ သာသနာပြုတဲ့
နေရာမှာ ငါက သူ့ ထက် ငတ်ပြရဲတဲ့ သတ္တိရှိရမယ် စိတ်မွေးထားတာ။သီလစောင့်ထိန်းတာ
တာကို ဆိုလိုတာပါ။ ကိုယ်က ၀ါကြီးသူဆိုတော့ ကိုယ်က ၀ိနည်းဖေါက်ရင် ကိုယ်
စိတ်ဓာတ်နိမ့်တာပေါ့။ နာရီဝက်ကျော်ကျော် စီးပြီးနောက် ရောက်ချပါလေရော...။
အချိန်က တော်တော် နီးကပ်နေပြီ။ သူဘယ်လို စီမံမယ် စောင့်ကြည့်နေတာ။ သူလည်း ကြံရာမရတော့ သူ့ ညီမကို ဖုန်းဆက်ပြောပါလေရော။ သူ့ ညီမကလည်း တော်ပါသေးရဲ့။ လေယာဉ်ကွင်းအနီး အလုပ်လုပ်သူမို့ ။ လေယာဉ်ကွင်းထဲမှာ ဂျာမန်ဖုထ်( ဆွမ်း) စတင် ဘုဉ်းးပေးခဲ့ရပြီး။ အနုမောဒနာ အဖြစ် Danke. thanks ကျေးဇူးပါ ပြောပြီး။ ခုဟာက ဂျာမဏီတင်မဟုတ် ဥရောပ ခရီးစဉ်မှာ ပထမ ခြေလှမ်းဖြစ်ကြောင်း မေးလိုက် ပြောလိုက်။ ပြီးပြီးဆိုတာနဲ့  ပဲ ဆွမ်းဒကာမလေးက သူ့ ရဲ့  အလုပ်ကို ခရီးဆက်သွားတယ်။ ဒီ၂ပါးကတော့
ကျောင်းကို လိုင်းကားစီးကာရောက်ခဲ့ပါတယ်။ အော်... ဂျာမဏီ ဆိုတာ... ဒါပါ့လား..နော်။
ဒီနေ့  ဒီလောက်ပါပဲနော...
ကိုယ်အ-ခဲ့တာတွေ။ ကိုယ့်အတွက်တော့
အထူးဆန်း အမှတ်တရလေးတွေ ကိုလည်း
ပြောပါဦးမယ်...
ဆက်လက်ပြီး အားပေး ဖတ်ရှုကြပါကုန်...
မြတ်ရောင်နီ
(၀၃၊၀၁၊၂၀၁၀)
No comments:
Post a Comment