Pages

Friday, January 8, 2010

သားသမီး မကောင်း မိဘ ခေါင်း

၁။ယုတ်ညံ့သော မိခင်မှ မွေးဖွားလျင် စကားကြမ်း၏။
၂။ယုတ်ညံ့သော ဖခင်မှ မွေးဖွားလျင် အမူအကျင့် ကြမ်း၏
၃။ယုတ်ညံ့သော မိဘ နှစ်ပါးစလုံး မှ မွေးဖွားလျင် စကားရော
အမူအကျင့်ပါ ကြမ်း၏
(ဆီလျော်အောင် ဘာသာပြန်လိုက်ပါတယ်)။

ပါဠိ- မာတာဟီနဿ ဒုဗ္ဘာသာ၊ ပိတာ ဟီနဿ ဒုက္ကရိယာ။
ဥဘော မာတာပိတာ ဟီနာ၊ ဒုဗ္ဘာသာ စ ဒုက္ကရိယာ။

၂။သုဇန ကဏ္ဍ ဂါထာနံပါတ်(၅၂)။


အကျဉ်းချုပ် မှတ်လိုသော်-


ဆောင်ပုဒ်
- နှုတ်အမူရာ၊ ကြမ်းသူမှာ၊ လွန်စွာ မိခင် ယုတ်ညံ့၏၊
ကိုယ်အမူရာ၊ ကြမ်းသူမှာ၊ လွန်စွာ ဖခင် ယုတ်ညံ့၏၊
ကိုယ် နှုတ် အမူရာ၊ ကြမ်းသူမှာ၊ လွန်စွာ မိဘ ယုတ်ညံ့၏။


စစ်ကိုင်း၊ မြစကြာကျောင်းတိုက်၊


ဓမ္မာစရိယတန်း စာလေ့လာစဉ်က
မှတ်သားဖူးခဲ့တဲ့ဆောင်ပုဒ်။

သံဃာတော်များ ဘုရားဝတ်ပြုရာမှာ
အမြဲဆိုလေ့ရှိပါတယ်။

မြတ်ရောင်နီ
(၀၈၊၀၁၊၂၀၁၀)


No comments:

Post a Comment