Pages

Wednesday, January 13, 2010

ဂျာမဏီမြေပေါ်က ခြေလှမ်းများ- ၅

ပျော်သလား
အဲဒါပဲ အဖြေမတူပဲ သင့်လျော်သလို ဟိုအကွေ့ ရောက် ဟိုတက်နဲ့  လှော်၊
ဒီ အကွေ့ ရောက်
ဒီတက်နဲ့ လှော်ခတ်ရတာ။ မေးတဲ့သူကလည်း များမှ များပါဘိ။
မေးတဲ့သူတွေက လူ့ အသက်
အရွယ် အမျိုးမျိုးဆိုတော့။ ပြီးတော့ ဘုန်းတော်ကြီး ။
ဘုန်းတော်လေး တွေကလည်း မေးတော့
လူ့ အရွယ်အလိုက် ဘုန်းကြီးအရွယ် လိုက် ဖြေရတော့တာပေါ့။

လူကြီး ဆိုရင် ဟုတ်ကဲ့ ဗျာ၊ ဒကာကြီး၊ ဒကာမကြီးပေါ့။ ပျော်ပါတယ် ပေါ့။
လူငယ် အရွယ်ဆိုရင်တော့- အော်... ခွဲခွါ ပြီးနေကြရတာ တစ်ခါတစ်ခါ

ကိုယ့်ဒကာ၊ ဒကာမမရှိတော့ ဘယ်ပျော်လိမ့်မတုံး တွယ်ရသေးတယ်။ တကယ်လည်း
ဟုတ်တယ် ။ လူစိမ်းကိုလူကျက်ဖြစ်အောင် လုပ်နေရတာကိုး။ လူကြီးတွေကျ ဒီလိုပြော
လိုက်
လို့ ရှိရင် မကောင်းလို့ သာ။ ပျော်ပါတယ် ဆိုပြီး ရပ်ထားလိုက်ရတာ။ အော်-
ပျော်ပါတယ်
ပြောရင် သူတို့ ကသာ တွေ့ ချင်ပြောချင် ဆိုချင်ကြတာပေါ့။ တို့  ဥူးဇင်း
-ကတော့ မေ့လိုက်တာ
ရှိဦးမယ်။ ပျော်တယ်တဲ့။အဲလို အတွေးရောက်ဦးမယ်။ အရစ်
လည်း မတက်ပါစေနဲ့ ဆိုပြီး
ကိုယ့်လုပ်စရာကို ငဲ့ကာ ဒီလို အချိုသတ် အခါးရပ်ခဲ့ရတာ
လည်း ရှိသေးတယ်။


ဘုန်းကြီး ဆိုရင်လည်း ကိုယ့်ထက် ကြီးသူဆိုရင်တော့ တင်ပ။ ပျော်ပါတယ် ဘုရားပေါ့။
ငယ်တဲ့သူ ဖြစ်ဖြစ် ရွယ်တူသူ ရဟန်း အချင်းချင်း ဆို ပြောချလိုက်တာပဲ- စဉ်းစားကြည့်
ပေါ့
ကိုယ်တော်ရာ ။ဘုန်းကြီး ဘ၀ ဘာပျော်စရာ ရှိလို့ လဲ လို့  ခပ်တည်တည်နဲ့  ပြောလိုက်
တာ။
သူတို့  ဆိုလိုတာကတော့ ပျော်သလားဆိုတာ ကိုယ့်ကို သနားလို့  မေးကြတာပဲ လို့ 
ယူဆမိပါတယ်။ တစ်ပါးတည်းနေရင် ပျင်းစရာချည်းလို့  တွက်မိလို့  ဖြစ်တန်ကောင်းရဲ့ ။
နေရတာက ဒေသခံ ဘုန်းကြီးတစ်ပါး နဲ့  နိုင်ငံခြားသား၊ ရွှေနိုင်ငံသား ကိုယ်။ ရွှေနိုင်ငံက
နိုင်ငံခြားသား ခင်မျာ တစ်ပါးတည်း ရွှေ စကား ပြောချင်လို့ မှ ပြောစရာ မရှိတဲ့ အဖြစ်။
ကိုယ်နေတဲ့ မြို့ မှာမှ မြန်မာမိသားစုက တစ်စုသာရှိတယ်။ တစ်ပတ်တစ်ခါ ဆွမ်းခံလို့ 
နှုတ်ဆက်တာလေးဘဲ ရှိတယ်။ တော်သေးရဲ့  နှစ်ပတ်တစ်ခါ သွားပြီး စကားပြောဖြစ်တယ်။
စကား သက်သက် သွားပြောတာတော့ မဟုတ်။ ကိုယ်သင်မယ့် စာကို သွားဖတ်ပြတယ်။
ဒကာက ပြင်ပေးတယ်။ သင်ပေးတယ် ။ လိုအပ်ရင် ဖြည့်စွက်ပေးတယ်။ ဒီလိုနဲ့ 
စာသင်ချိန်က
နဲနဲ စကား ပြောချိန်က များများ ပြောခွင့်ရခဲ့တယ်။

တခါတခါတော့ အွန်လိုင်း တွေ့ တဲ့ သူကို အားလား လို့  မေးပြီး စကားပြောချင်စိတ်တွေ
မထိန်းနိုင်ရင် ပြောတော့တာပဲ။ ဒီလိုနဲ့ လေးနဲ့ လည်း ပျော်သွားတာပါပဲ။

နောက်တစ်ခုကတော့ ကိုယ့်ရဲ့  အသိမိတ်ဆွေတို့ ကို ပြောပြရတယ်လေ။ ကိုယ်တော်ရေ-
ပျင်းကို ပျင်းချိန်မရပါဘူး။ အလုပ်မရှိရင်တော့ တကယ် ပျင်းစရာ တော်တော့်ကို
ကောင်းမှာ
ဘုရား။ ပစ္စည်းဝတ္ထုတွေ တိုးတက် ပေါများတယ် ဆိုပေမယ့် စိတ်က
နွေးထွေးမှုလိုတယ် လေ ဗျာ။


ခု တပည့်တော် အလုပ်တွေကို ရွတ်ပြမယ်ဘုရား-ဆိုပြီး ပြောပြရတယ်။ အဲလို

မပြောမချင်းတော့ သူတို့ က ဘာတွေ လုပ်နေတာလဲဟ၊ ဘာတွေ ရှုပ်နေတာလဲ
အလုပ်က။
ခဏခဏ မေးကြတယ်လေ။ သူတို့ ကလည်း ချစ်ကြတာကိုး၊ ရစ်ကြ
တာပေါ့။ သူငယ်ချင်း
ရဟန်းတော်တွေကို ပြောတာပါ။

ကဲ ကိုယ်တော်ရေ မပျင်းရင် နားထောင်ဗျာ- တပည့်တော် လုပ်ရတာကတော့
ပထမ ဆုံး
ဆွမ်းခံ လှည့်ရတာ၊ ဆွမ်း ဒကာ အတိအကျ က တစ်ပတ်မှ သုံးရက်ရှိတာ၊
ကျန်တဲ့နေ့ ကတော့
ဥရောပရဲ့  ဝေရဥ္ဇာ ဘဲ ဗျား။ အစာရအံ့လော မရအံ့လော- ဟု တွေးနေရသေးတယ်။ ဒါဆို ကိုယ်တော် က တကယ် အစာရှာတာလားကွာ၊
ဟုတ်ပမလား ၊ ယုံချင်မှယုံမယ်။ အစားက
ပေါပါတယ်။ ကိုယ်တော်ရေ။
ဖောင်စီးရင်း ရေငတ်တယ်- ဆိုတဲ့ ရွှေစကားပုံ လို ပေါ့။
မြင်တော့ မြင်နေရတယ်၊
မကြင်ရတာ ကိုယ်တော်ရေ။ ဗီယိုထဲ အစားတွေက ရှိပါရဲ့ ။
မနက်ခင်း အရုဏ်ဆွမ်း
လာကပ်မည့် သူမရှိတဲ့ အခါ ဒီလိုပဲ မစားမသောက် ပဲ နေရတယ်။
အရုဏ်ဆွမ်း ၉-
နာရီမှ ဘုဉ်းနာရီလောက်မှ ဘုဉ်းရတာလည်း ရှိသေးတယ်။တစ်ခါတရံပေါ့လေ။


ဆွမ်းခံတာက ဖိတ်ထားတဲ့ သုံးရက်ကသာ သေချာပေါက်အိမ်မို့  သွားယူလိုက်ရင်
ရတာ
ဆိုတော့ စိတ်အေးလက်အေးပဲ။ နို့ မို့ ရင် တော့ ဟိုပတ်သွား ဒီပတ်သွား။
ဆွမ်းရပ်စရာ
်ဆိုတာကလည်း မုံ့ ဆိုင်ပဲ ရှိတာ။ အပြင်ဘက်ကနေပြီး သုံးမိနစ်လောက်
ရပ်တာပေါ့။
မြန်မာနိုင်ငံမှာ ဆိုဘယ်ရပ်ရဲမလဲ။ ရှက်စရာကောင်းတယ် လို့  တွက်မိတာ-
ကိုး ဘုရား။


ခုတော့ မထူးတော့ ပါဘူးလေ၊ ဘုန်းကြီး လုပ်မှတော့ ဒီအလုပ်ကို ရဲရဲ တင်းတင်း
လျှောက်
ရတော့တာပေါ့။ မုံ့ ဆိုင်ကို သွားရတယ် ဆိုရတာလည်း တံခါးဖွင့်ထားတဲ့
အိမ်မှ မရှိတာပဲ။
တော်ပါသေးရဲ့  ထိုင်းတွေက အနီးဝန်ကျင်မှာ များတော့ ၀ိသာခါလို ဒကာမတစ်ယောက်လဲ ရှိသေးတယ်။ သူကတော့ ဘယ်နေ့ ရယ် မဟုတ်ဘူး၊
မပြတ်မပြတ်လာတယ်
ဆိုပါတော့။ ပြီးတော့ အခြားထိုင်းတွေကလည်း မွေးနေ့ 
ဆိုပြီး ပို့ လိုက်၊ နှစ်လည်ဆွမ်း ဆိုပြီး
ပို့ လိုက်။ ခုတော့ အနီးနားမြို့ မှာနေတဲ့
ရွှေတွေက ဆွမ်းစားပင့်နေပြီ ကိုယ်တော်ရေ။ နေ့ ဆွမ်း
မစားရတဲ့ နေ့ တော့ မရှိပါဘူး
ကိုယ်တော်။ ဒါပေမယ့် ဆွမ်းပေါင်း ဘုဉ်းနေရတယ်။
ကောက်ညှင်းပေါင်း ပဲ ကြားဖူးမယ်
ထင်တယ်။ ပြီးတော့ ဟင်းပေါင်းကြားဘူးမယ် ထင်တယ်။
ဆွမ်းပေါင်းဆိုတာ ထမင်းပေါင်း မဟုတ်ဘူး။

ဒီလို ကိုယ်တော်ရေ ။ အရင်နေ့ က ဆွမ်း များလို့  ပိုရင် ချန်ထားတယ်၊ နောက်နေ့ ကျ
ဒကာ
ဒကာမတွေ က ရေခဲသေတ္တာထဲက ဆွမ်း ပြန်ကပ်တယ် ၊ ဆွမ်းခံမရတဲ့ ရက်ဆိုရင်
အဲဒါကို ပေါင်းပြီး
တွယ်ရတာ။

လုံးဝမကျန်ဘူးဆိုရင်တော့ ကူချိုင်း လို့ ခေါ်တဲ့ကူပွန်နဲ့ ဆိုင်သွားယူလိုက်တာပါ။ ဆိုင်က
လူတွေ
ကို သပိတ်ထည့် လောင်းထည့်လိုက်လို့ ပြောတာပေါ့။ ကိုယ့်အနေနဲ့  ကပ်တယ်လို့ 
ယူဆပြီး
သူတို့ ကတော့ ကပ်တာ မကပ်တာ ဘယ်သိမလဲ ဘုရား။ စပ်မိလို့  ပြောရအုံးမယ်
သိလား ။


မှတ်မှတ်ရရ ဂျာမန်ဒကာမကြီးက ဆွမ်းခံတယ်ဆိုတာ အင်တာနက်က ဖတ်ထားပုံ
ပေါ်တယ်။
သူက ဂျာမန်လို ပြောတာ။ အကင်းပါးဖို့  ကိုလိုသေးတယ် သိလား၊
ကိုယ်ကလည်း ဘယ်ရမလဲ ဒီဒကာမ ဆွမ်းလောင်းချင်လို့  ရစ်နေတာပဲပေါ့။

ကိုယ်က တတ်သလောက်လေးနဲ ဆွမ်းခံတာ ဂျာမန်လို ပြောထည့်လိုက်တာပေါ့
ကိုယ်တော်ရာ။
သူ က ပိုက်ဆံ ထုတ်ပြီး လှူမလို့ ။

ငါက အစားရှာနေတာ ပြောလိုက်မှ။ကဲ မုန့် ဆိုင်သွားမယ် ဆိုပြီး ခေါ်သွားတာလေ။
နောက်မှ ထပ်ပြောမယ် ဆွမ်းခံ အတွေ့ ကြုံတွေ ရှိသေးတယ် သိလား။
ဒါက လုပ်ငန်းတစ်ရပ် ကိုယ်တော်ရေ။

ပြီးကျတော့ ကိုယ်တော်ရာ နှစ်ပတ်တစ်ခါ သင်တန်း ပို့ ချတယ်လေ။ အစ သင်ခါစ
ကတော့
စောစောစီးစီး ကြိုတင် ပြင်ဆင်ရတာပေါ့။ အင်္ဂလိပ်လိုမှ စာသင် မပေးဘူးတာကို
ဘုရား။
ခုတော့ လူတွေက လည်း ရင်းနီးနေတော့ ကိုယ်ပြောတာလည်း သူတို့ 
သိကုန်ပြီ နားလည်ကုန်ပြီ ဆိုတော့
အားမစိုက်ရတော့ဘူးပေါ့။
ဒါက သင်တန်းအတွက်ပေါ့။


ပြီးတော့လေ ကိုယ်တော်ရေ တရားက တစ်လတစ်ကြိမ် ဟောရတယ်လေ။
အဲဒါက
မြို့ ကြီးကို သွားသွားဟောရတာ ဆိုတော့ သူ့ အတွက်လည်း ဘယ်လို
ဟောရမယ် ၊
ဘာသင့်တော်တယ် ဆိုတာ ရွေးရသေးတယ်။ ရှာရသေးတယ်။
ဓမ္မကထိက ဖြစ်မှန်းမသိ
ဖြစ်သွားသေး။ ဒီတာဝန်ကလည်း မသေးဘူး ကိုယ်တော်ရေ။
ဟောရုံ ပြီးတာမဟုတ်ဘူး။


သူတို့ က တရားဟော တဲ့မှာလည်း မရှင်း တာနဲ့ ။ လက်ထောင်ပြီး ထမေး
တော့တာ။
ပြိးသွားလို့ ရှိရင်လည်း အားမရသေးရင် ထပ်မေးတာ ဆိုတော့
ဆက်စပ်ရာ ကြိုတင်စဉ်းစား
ထားရတယ်လေ။ တစ်ခါတလေ ကိုယ်ကျက်ထားတာနဲ့ 
မတိုးတဲ့ စာမေးပွဲလိုပဲ သူတို့ 
မေးတာက တစ်ခြား။ ဒါပေမယ့် ကိုယ်တော်ရေ -
အောက်စာမေးပွဲတွေ ကျေခဲ့လို့ 
ပြောရမှာပေါ့ ဖြေနိုင်ခဲ့ပါတယ်။

နားမညီးသေးရင် ထပ် ပြောဦးမယ် နော်။ ပြီးတော့ ကိုယ်နေတဲ့ နိုင်ငံရဲ့  စကားက
လည်း
အရေးပါသမို့ ဂျာမန်ဘာသာက သင်ယူရသေးတယ်၊ သင်ရတာက တစ်ပတ်
လေးရက်။
နေ့ ခင်း တစ်နာရီခွဲကနေပြီး ညနေငါးနာရီခွဲထိ။ အရောက်ကြိုတင်သွား
ရမယ့် အချိန်
၊ ပြန်လာမည့် အချိန်တွေပါ ထည့် တွက်ရင် အချိန်က တစ်နေ့ လည် လုံး
ကို မအားတော့တာ။


ဟော- ပြန်ရောက်ပြီဆိုတာနဲ့  နှစ်ပတ်တစ်ခါ အင်္ဂါနေ့ ဆိုရင် ကိုယ်ကသင်တန်း
ပို့ ချတယ်။
၇နာရီကနေ ၉နာရီထိ။
သင်တန်း ပို့ ချစရာ မရှိလို့  ကတော့ ၁၅မိနစ် နာရီဝက် နားပြီး ၇နာရီခွဲကနေ
၈နာရီထိ
ဘုရားဝတ်ပြုတယ်။ လူလာရင် ဘုရားဝတ်တက်တဲ့ စာအုပ်နဲ့ အတူရွတ်တယ်။
လူမလာတဲ့ အခါ
တစ်ပါးတည်း ပရိတ် ၁၁ သုတ်ရွတ်တယ်။ ပြီးတော့ တရားထိုင်တယ် တစ်နာရီ။

ပြီးမှ အီးမေး အပို့ အယူပေါ့။ ဟိုကြည့် ဒီကြည့် အင်တာနက်ကို ကြည့် စာဖတ်၊
နားထောင် ပေါ့။ အဲဒါတော့ ပုံမှန်မရှိဘူးပေါ့။ မနက်ခင်း ရောက်ပြန်တော့လည်း ၅နာရီ
အိပ်ယာထ၊ ပဋ္ဌာန်းရွတ်၊ တရားထိုင် တစ်နာရီပေါ့။ ပဋ္ဌာန်းကတော့ ကိုယ်တော်ရေ
တစ်နေ့ 
သုံးခေါက်ကို မဖြစ်၊ ဖြစ်အောင် ရွတ်တာ။ ဒါတင်မကသေးဘူး။ သင်တန်းဆို
တာက
၎ ရက်သင်တန်းက ထိုင်းကလပ်စ်မှာ။ ကလပ်စ် မဟုတ်ဘဲ ဂျာမန်ဆရာမကြီးက
ခေါ်တဲ့ ရက် ၊
ခေါ်တဲ့ အချိန် သွားရသေးတယ်။တစ်ပတ် တစ်ရက် အနားရဆုံး ရက်ကတော့
စနေနေ့ 
ပဲ ဘုရား။ ခု နှစ်သစ်ကူးချိန်မို့ ဟောလီဒေး မို့  တော်တော် နားခွင့်ရတာ
ကိုယ်တော်ရေ။


ကဲ...ဗျာ ပျော်သလား မေးဦးလေ။ အလုပ်ရှိတာ ကို ပြောပြတာပါဗျာ။ စကားက
ပြောချင်
စိတ်များပြီးနားထောင်တဲ့သူတောင် မောသွားလား မသိဘူး။ ကြားထဲမှာ ရတဲ့ အချိန်လေးမှာ မေးအပို့ အယူလုပ်နေရတာ ရှိသေး။ ချက်တင်းက ထိုင်သေးတယ်။

ကဲ-ကိုယ်လူရေ ဒီလောက်ဆို ပျော်သလား မေးတဲ့ ကိုယ့်လူ အတွက် လုံလောက်ပြီ လို့ 
ထင်တယ်နော်။

တေဇော လေပေါ တယ် မထင်နဲ့ ။ တကယ်တော့ ပေါတာပါပဲ။ ကိုယ်တော် သိအောင်
ပြောချင်လို့ ပါနော်။ တကယ်ကျေးဇူးတင်တယ် သိလား၊ နားထောင်ပေးတာကို။ ခုပြောကောင်း
ဆိုကောင်းတယ်ဗျာ။ ဒါပေမယ့် ဘုရားဝတ်ပြုချိန်က ရောက်နေပြီမို့  ဘုရားခန်း
သွားလိုက်အုံးမယ်နော။

အင်း အင်း..လို့  လိုက်နေရှာတဲ့ သူငယ်ချင်းကတော့ သာဓုပါ ဗျာ သာဓု-ပါတဲ့ ။တင်ပ။
ဒီလိုပဲ သူတော်ကောင်းတွေက ကောင်းတာလေး ပြောလိုက်ရင် သာဓုခေါ်တတ်ကြပါတယ်။
ကိုယ်တော်လိုပေါ့နော်။ တပည့်တော် ရေးထားတဲ့ ဘုရားရှင်ရဲ့ သာဓု -သံ နမူနာ
ကြည့်ပေါ့ ဘုရား ဆိုပြီး ပြောတာဆိုတာ ရပ်ခဲ့တယ်။ ကိုယ့်နောက်ပါမည့် ကိုယ်ပိုင်
အလုပ်လေးကို ဆက်လုပ်ဖို့  သွားခဲ့တယ်။ ဒီလိုနဲ့  ကိုယ်လုပ်တဲ့ အလုပ်ကို သူငယ်ချင်းကို
ရေရွတ်ပြလိုက်ရင်း တစ်ခြား မေးတဲ့ သူများလည်း အစုံအလင် သိသွားကြပြီပေါ့။

ဟို အဖော်မွန် သီချင်းတောင် အမှတ်ရသွားတယ်-၀ါသနာဆိုတော့ အခက်သား။
(တစ်ကိုင်းထဲ နားတဲ့ ငှက်ကလေးတွေ...သိပ်ပျော်မှာပဲလေ... ပျော်မှာပေါ့ မော်မှာပေါ့........
ဘဲလေ။) ဆိုတာမျိုးပေါ့။
ကိုယ်လည်း ပျော်နေရတာပေါ့ ။ ကိုယ့်မှာလည်း ကိုယ့်အလုပ်နဲ့ ပဲလေ....။

ခုတော့ အားနာလို့  မမေးတဲ့သူများလည်း သိရအောင် ပျော်ရဲ့ လား ဆိုတဲ့ ခေါင်းစဉ်နဲ့  -
ဖြေပေးပါတယ် ဘုရား။
ဖြေပေးပါတယ် ဗျိုး......

တကယ့် ပြောပြခဲ့တဲ့ တကယ့်လုပ်ရပ်တွေပါပဲ။ အချင်းချင်းဆိုတော့
ပြောချင်တာကို ပွင့်ပွင့်လင်းလင်းလေးတွေ ပြောဖြစ်ရဲ့ ။ တချို့ ကျတော့
လည်း သူတို့  အင်တာနက် အသုံးပြုတဲ့ အချိန်နဲ့  ကိုယ်ထိုင်တဲ့ အချိန်က
ခြားနားလေတော့ မသိကြ။ အကြာကြီးလည်း ပြောချိန်မရတာနဲ့ 
ခု အများသိစေချင်နဲ့  ဆန္ဒနဲ့  ပြန်လည်ပြီး စာလိုလို စကားပြောလိုလို
ရေးသားဖေါ်ပြလိုက်တာပါ။

မြတ်ရောင်နီ

(၁၄၊၀၁၊၂၀၁၀)

No comments:

Post a Comment