စာရေးဆရာနားနီး စာရေးဆရာ
အော်- ဖြစ်မှဖြစ်ရပလေ။ စကားကလည်း မဟုတ်တဲ့ နေရာမှာ ပိုပြီး အတွင်ကျယ်တယ်။
တံငါနားနီး တံငါ၊မုဆိုးနားနီး မုဆိုး-တဲ့။ ကောင်းတဲ့သူတစ်ယောက် အကျင့် မှားပြုလိုက်ပြီ
ဆိုတာနဲ့  ပြောကြပါလေရော။
ဒီကောင်လေး ဒီကောင်မလေး နဂိုရ်ကတော်တယ်၊ ခုမှ ဒီလိုဖြစ်သွားတာတဲ့။
တို့  ဒီစကားပုံတောင် ရှိတယ်လေ-တဲ့။ အမှားတွေ့ တိုင်း ဒီစကားကို ပေါသီလောသီ
သုံးနေကျတာ။ ခက်တော့တာပဲ ။
ကောင်းတဲ့သူကိုဆိုရင် ဘုရားဒကာနားနီး ဘုရားဒကာ၊ ကျောင်းဒကာနားနီး
ကျောင်းဒကာ။ ပြောလိုက်ကြစမ်းပါလား။ ပါးစပ်ကြီးတွေက ပိတ်နေလိုက်ကြတာ။
မကောင်းတာကို မကောင်းသလို ပြောချင်ကြသလို ၊ ကောင်းတာကိုလည်း ကောင်းသည့်
အလိုက် ပြောထိုက်ပါသည် မဟုတ်ပါလား။ တကယ်တမ်းတော့ မကောင်းတဲ့နေရာ
ပြောရဆိုကြတာ ၀န်မလေးပေမယ့် ကောင်းတာကို ပြောရမှာကို ၀န်လေးဘိသနဲ့ ။
အေးပေါ့လေ။ ခေတ်ကြီးကိုဘဲ လွဲချကြပေါ့။ ခေတ်ကြီးကိုက မကောင်းတော့တာ-တဲ့။
ပြီးတော့ ပုထုဇဉ်-တဲ့၊ ပုထုဇင်ရောယောင် အသုံးချခံ ရသေးတယ်။ ကိုယ့်ကိုယ်ကျတော့
ပြောရမှာ အားနာလို့  ထင်မိပါရဲ့ ။
ခု ပြောလိုက်ချင်သေးရဲ့  ကိုယ့်အကြောင်း၊ နဂိုရ်က စားမရေးသော ကိုယ်။
ခုများမတော့ ပြောချင်တာ လက်ယားလွန်းလို့  ပြောနေတာ။ ပြောဖို့  ပြောစရာတွေ
စုမိဆောင်းမိနေပေမယ့် ဘာမှပြောမထွက်ဘဲ နေခဲ့တဲ့ နှစ်ပေါင်းများစွာ။
ထေရ၀ါဒ တက္ကသိုလ်မှာ တက်ခွင့်ရခဲ့တဲ့ အချိန်၊ တက်နေစဉ်မှာ။ ပတ်ဝန်းကျင်က
ကောင်းပြီလေ။ တကယ့် ဘွဲ့ ရပြီး ပုဂ္ဂိုလ်တွေ စုနေတဲ့ နေရာ။ ဒီပလိုမာတန်း
တက်ချင်တာတောင်မှာ လူနဲ့ သီလရှင်ဆိုရင် လောကီတစ်ဘွဲ့ ဘွဲ့ ရရမယ် ပြဋ္ဌာန်း
ထားတယ်။ ဘုန်းကြီးဆိုရင်တော့ ဓမ္မာစရိယ စာမေးပွဲ တစ်ဘွဲ့ ဘွဲ့ တဲ့။ ပြောချင်တာက
အဲလို ဘွဲ့ လွန်လူတွေရဲ့ ကြား၊ ဒါတင်မကသေး အဲဒီဘွဲ့ ရထားသူတွေက လည်း
စာရေးဆရာ အများအပြား။
အဲဒီထဲမှာ ကိုယ်နဲ့  နီးစပ်တာက တက္ကသိုလ်ဆရာများလည်းဖြစ်၊
အပ္ပမာဒ ပင်တိုင်စာရေးဆရာများဖြစ်တဲ့-ဒေါက်တာ အရှင်အာစာရ၊
ဒေါက်တာကျမ်းပြု အရှင်ပါရမီ၊ ပြီးတော့ ကိုယ့်ထက် စီနီယာဖြစ်တဲ့
မော်ဒန်-အရှင်ဝိစိတ္တသာရ ( ယခု ဓမ္မဂင်္ဂါ ) ဘလော့ အုန်နာ။
ပြီးတော့ ဆရာဖြစ်တဲ့ ကဗျာဆရာ မောင်သစ်ဝေ (မြင်းခြံ) ။ ကဲ ဒီလို
စာရေးဆရာတွေကြား ရောက်သွားတဲ့ ကိုယ်။
စာရေးချင်စိတ်က ကလိကလိ ဖြစ်လာတယ်။
ဒါနဲ့ ပဲ စာရေးချင်တဲ့ကြောင်း ပြောပြတော့လည်း ဒီအရှင်တွေက တွယ်စမ်းပါတဲ့။
ကိုယ်သိထားတာတွေ ရေးချလိုက်စမ်းပါ လို့  မြှောက်ပင့်ကြလို့ စာရေးဆရာ
ဖြစ်လာပါတယ်။
စာရေးဆရာ လို့ ဘဲ ပြောပါရစေ ။ တို့  ရွှေထုံးစံတိုင်း။ မြင်းလှည်း ဆိုက္ကား
သမားကိုတောင် ဆရာ ဆရာတွေ တက်နေတော့။မြင်းလှည်းဆရာ ဆိုက္ကားဆရာ-တဲ့။
အဲ-ပထမဆုံး စရေးခဲ့တာက အပ္ပမာဒ မဂ္ဂဇင်းမှာ ဘ၀စင်ကြယ်စွာ နေထိုင်နည်း ဆိုပြီး ရေးခဲ့ပါတယ်။ အဲဒါလည်း အေလာ တပည့်ကိုရင်လေးများကို လင်္ကာရ စာမေးပွဲ အတွက် စာချပေးရင်း စာရေးရရင်ကောင်းမှာပဲ ဆိုပြီး ရေးခဲ့တာ။
အဲ ဒီလို ရေးပြီး ပို့ လိုက်တဲ့ အချိန် သူငယ်ချင်း တစ်ပါးက ဆောင်းပါး ပါတယ်၊
ဆောင်းပါး ပါတယ် ပြောပြီး စာရေးဆရာ ဖြစ်သွားပြီ။ ကိုယ်တော် လ္ဘက်ရည်တိုက်တဲ့။
အော်- မှတ်ထားဟေ့။ စာရေးဆရာဖြစ်ရင် လ္ဘက်ရည်တိုက်ရသတဲ့။ စာရေးဆရာ
ဖြစ်ကြောင်း အသိမှတ်ပြုတဲ့ လ္ဘက်ရည်ကို သူငယ်ချင်း ရဟန်းတော်များကို
ကပ်ခဲ့တယ်။
ပျော်လိုက်တာ မပြောပါနဲ့ ။ စာမေးပွဲ တစ်ပွဲ အောင်သလို ပါပဲ။ ဒါနဲ့ ၂ပုဒ်မြောက်ထိ ဆက်ရေးခဲ့တယ်။ အဲဒီနောက် သီရိလင်္ကာ ပညာသင်ထွက်လာတာနဲ့  မရေးဖြစ်တော။
့ခု ဘလော့လေးက သူငယ်ချင်း တစ်ယောက်ရဲ့  နှစ်သစ်လက်ဆောင် ပေးထားတာနဲ့  စာဆက်ရေးဖြစ်တာပါ။
ဒီလိုဆိုတော့ ပြောချင်တာက စာရေးဆရာနား နီး၊ စာရေးဆရာလို့ ပြောလို့ 
ရနိုင်ပါတယ်။ ကဲ သဘောတူရင် ပြောလိုက်ကြရအောင်-
စာရေးဆရာနီး စာရေးဆရာ....။
ရှေ့ ဆောင်းပါး တွေမှာ ရေးခဲ့သလို ၀ါသနာ မပါသော်လည်း စိတ်က ကောင်းတာဘက်
ညွတ်ပါများလာရင် ကောင်းတဲ့ဘက်တိမ်းလာပါမယ်။
တံငါနားနီး တံငါ ၊ မုဆိုးနားနီး မုဆိုး၊
ဘုရားဒကာနားနီး ၊ ဘုရားဒကာ၊
ကျောင်းဒကာနားနီး ၊ ကျောင်းဒကာ။
စာရေးဆရာနားနီး ၊ စာရေးဆရာ။
မြတ်ရောင်နီ
(၁၂၊၀၁၊၂၀၁၀)
မှတ်ချက်။ ။နေ့ စဉ်တစ်နေ့  တစ်ပုဒ်တင်ခဲ့သော်လည်း
(၁၁၊၀၁၊၂၀၁၀) တရားပွဲ ဟောဖို့  လုံးပန်းနေရသည့်အတွက်
မည့်သည့်စာ မည့်သည့်ဓာတ်ပုံမှ မတင်ဖြစ်ခဲ့ပါ။
စာရေးဆရာ မဟာရောင်နီ ဇာမဏီကျော် လူတော်ဥက္ကဋ္ဌ် အတ္ထုပ္ပတ်ကို သိရပါမှ အော် ကောင်းလင့်တေး ကောင်းလင့်တေး ပီတိကို မွေးမိတော့သည်။ ငါသည်ကား အရတော်လေစွ အရတော်စွ ဟု စူဠဥဒါန်း အခါခါလွှမ်းတော့သည်။
ReplyDeleteစာရေးဆရာနီး စာရေးဆရာ ဖြစ်ထိုက်စွာသား စကားအရှိ ဆိုလေဘိသော်လည်း အသိဓါတ်ခံ အတွေးဥာဏ်ထွက်မှသာလျှင်
အချက်ကျကျ ဓမ္မအရေး မျှော်တွေးထောက်ဆ ဖော်ပြနိုင်ပေမကိုးဗျ။
ဟင်းအိုးနားနီးသော်ငြား ခါးခါးချိုချို အပိုမသိ ယောင်းမစကားပုံအရှိသား။
စိတ်အားမငယ် အတွေးကြွယ်သမျှ ရေးခြယ်ပြဖို့သာ မျှော်လင့်ရတော့သည်။
ဇာမဏီဘောင်အတွင်း သာသနာပြောင်ဝင်းအောင် အရောင်အဆင်းကိုသာ လင်းပါရော့ မြတ်ရောင်နီးအရှင်ကိုယ်တော်မြတ်ကြီးဘုရား။
(သာဓု သာဓု သာဓု)