Pages

Tuesday, January 12, 2010

စာရေးဆရာ ...တဲ့

ဘ၀စင်ကြယ်စွာနေထိုင်နည်း



ငယ်ငယ်ရွယ်ရွယ်က လေ့လာသင်ကြားခဲ့သော စာပေကျန်းဂန်များသည်
မိမိအသက်အရွယ်ကြီးလာသည်နှင့်အမျှ စာပေကြီး၊ ကျမ်းစာကြီး ဖြစ်လာပါတယ်။
ကျွန်ုပ်ဆိုလိုချင်တာကတော့ ငယ်စဉ် အခါက သင်ယူခဲ့သော စာပေပင်ဖြစ်သော်လည်း
အသိဥာဏ်ရှိရှိ အရသာရှိရှိ ကြည့်ရှုတတ်သည့်အခါ ၀ယ် ကျမ်းစာလေးတွေက
ကျမ်းစာကြီး ဖြစ်သွားတာပါ။ ကျမ်းစာက ပြောင်းလည်းသွားတာတော့ မဟုတ်ပါဘူး။
အသိဥာဏ် ပြောင်းလည်းလာလို့သာ ဖြစ်တယ်။ ဒါ့ကြောင့် စာပေများကို အမှတ်တမဲ့
မဖတ်ဘဲသတိထား အသိဥာဏ်နဲ့ ဖတ်ဖို့တော့လိုပါ တယ်။ ပြန်လည် အသုံးချ
တတ်ရင်တော့ စာဖတ်ရကျိုးနပ်ပြီပေါ့။ အသုံးချတတ်ဖို့ပဲ အရေးကြီးပါတယ်။

ဒါနဲ့ပါတ်သက်လို့ ဗုဒ္ဓလက်ထက်က နာမည်ကျော် သမားတော်ကြီးဆရာဇီဝက
ဆိုတာလူတိုင်းသိထားတဲ့အတိုင်းပဲ၊

သစ်ပင်တိုင်းဟာဆေးဖက်ဝင်ကြောင်း ၊ ဆေးအဖြစ် အသုံးပြုနိုင် ကြောင်း လေ့လာထားတဲ့
ဆေးပညာ အပေါ်မှာအသုံးချခဲ့သည် မဟုတ်ပါလား။ ဗုဒ္ဓမြတ်စွာကလည်း လောကီ
လောကုတ္တရာကြီးပွားရေး၊ စီးပွားရေး ၊ လူမှုရေး၊သွားလာနေ ထိုင်စားသောက်တတ်ဖို့က
အစ ဘာမျှမကျန်အောင် ကိုယ်တော်တိုင်ဟောကြားခဲ့ပြီး၊ ကိုယ်တော် တိုင်
သဗ္ဗညုတဥာဏ်တော်
ရခဲ့တာဟာ သက်သေထူမှတ်တိုင်သာလျှင် မဟုတ်ပါလော။
ကျွန်ုပ် တို့ ကား သစ်ပင်မြင်လည်း ဆေးဖက်ဝင်အောင် အသုံးမချတတ်ယုံသာမက
ဗုဒ္ဓ၏ သားတော် သမီးတော် ဗုဒ္ဓဘာသာဝင်
အဖြစ်ခံယူထားပါမူ ဗုဒ္ဓ၏ လမ်းစဉ်အတိုင်း မလိုက်နာနိုင်သေးပါကလိုက်နာ အသုံးချ တတ်ရန် ကြိုးစားဖို့ လိုပါမယ်။

ဗုဒ္ဓသွန်သင်ဆုံးမတော်မူသည့်အတိုင်း လိုက်နာဆောင်ရွက်ပါက ဘာသာမရွေး
လူမျိုးမရွေး အကျိုးကား ပေးမည်သာ။ လူမျိုးဘာသာ သတ်မှတ်ချက်မရှိပါဘူး။

ကျွန်ုပ်တို့ကား သစ်ပင်မြင်လို့ဆေးဖက်ဝင်မ၀င် မခွဲခြားနိုင်ဘဲ အဆိပ်ပင်ကို အသုံးချ
မိကလည်း
တစ်ဘ၀တာ နစ်နာဆုံးရှုံးနိုင်ပါတယ်။ ဗုဒ္ဓညွှန်ပြဟောပြောထားတော်မူသည့်
အတိုင်း မဟုတ်ဘဲ
ဆန့်ကျင်နေထိုင်ပါက ဗုဒ္ဓဘာသာဝင်တွေကိုလည်း မျက်နှာသာ
ပေးမည် မဟုတ်ပါ။ ဓမ္မရဲ့
သဘောအတိုင်းသာလျှင်ဖြစ်ပါတယ်။ ဒါကြောင့်လည်း
ဗုဒ္ဓဟောသမျှ တရားတော်များဟာ
ဘာသာတိုင်း လူမျိုး တိုင်း သက်ဆိုင်တာလို့
ပြောတာပါ။


ဗုဒ္ဓဆုံးမတော်မူသည့်အတိုင်း သတိရှေ့ဆောင်ထားပြီး ရှောင်သင့်တာရှောင်ရပါမယ်။
ဆောင်သင့်တာ ဆောင်ရွက်ပြုလုပ်သင့်ပါတယ်။ ကျွန်ုပ်သင်ယူလေ့လာခဲ့ရတဲ့
ကျမ်းဂန်ထဲက
ကျမ်းဂန်တစ်ခုရဲ့လိုရင်းစကားများနဲ့ အရှင်းဆုံး အလွယ် တကူ
သဘောပေါက်အောင်
ပြောပြချင်ပါတယ်။

လောကမှာ မိမိကိုယ်ကို ကောင်းအောင် တော်အောင် ကြီးပွားအောင်၊ ချမ်းသာအောင်၊ ထိတ်တန်းရောက်အောင်၊ကောင်းသောနည်းဖြင့်တစ်မျိုး မကောင်း သောနည်းဖြင့်
တစ်ဖုံ၊
အစုံစုံ အမျိုးမျိုးကြိုးစားနေကြတာကို အရှင်းသား အထင်းသားတွေ့
မြင်နိုင်ကြပါ တယ်။
တစ်ချို့လည်း လမ်းမှန်တယ်။ တစ်ချို့ကျတော့လည်း
နည်းလမ်းမသိရှာကြဘဲ ကြိုးစားမှုလွဲ ကာ
“ပိုးသာကုန် မောင်ပုံဆောင်းမတတ်” ဆိုသလိုမျိုးဖြစ်နေကြပါတယ်။ အဲဒီလိုလုတွေမှာ ရည်မှန်း ချက်တွေနဲ့ လွဲချော်ရတဲ့
အပြင် ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ ရှုတ်ချ အပြစ်တင်သံတွေကိုပါ
အဆစ်ရတတ်ကြ ပါတယ်။

ဒါကြောင့် မြတ်ဗုဒ္ဓက အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ်၊ အာဓိပတေယျသုတ်မှာ-
ရည်မှန်းချက် မလွဲချော် စေရန် စဉ်းစားဆုံးဖြတ်နေထိုင်တတ်ဖို့ ထိပ်တန်းစင်ကြယ်သူ
အဖြစ်ကို
ဟောတော်မူထားခြင်း ဖြစ်ပါ တယ်။

မြတ်ဗုဒ္ဓက လောကအတွင်းမှာ နေထိုင်ကြတဲ့ လူတွေကို လူတန်းစားသုံးမျိုးအနေနဲ့
ခွဲခြားပြသတော်မူပါတယ်။ အဲဒါတွေက -

၁။ အတ္တာဓိပတေယျ - မိမိကိုယ်ကို ရှေ့တန်းတင် စဉ်းစားကာဘ၀ကို
စင်ကြယ်အောင်
နေထိုင်နည်း။
၂။ လောကဓိပတေယျ - အခြား လူ၊နတ်၊ ဗြဟ္မာတွေလို့ခေါ်တဲ့ လောကကို ရှေ့တန်းတင်
စဉ်း စားကာ ဘ၀ကို စင်ကြယ်စွာနေထိုင်နည်း။
၃။ ဓမ္မာဓိပတေယျ - တရားတော်(ဓမ္မ) ဂုဏ်ရည်တွေကို ရှေ့တန်းတင် စဉ်းစားကာ
ဘ၀ကို စင်ကြယ်စွာနေထိုင်နည်း။

ဒါကအကျဉ်းပါ ။ အကျယ်ချဲ့လေ့လာမှ ပိုမိုသဘောပေါက်လာမှာဖြစ်လို့
ဗုဒ္ဓအကျယ်ဟော တော်မူသည့်အတိုင်းလေ့လာပါဦးစို့။

( ဤနေရာမှစ၍ ဒေသနာတော်လာသည့် အတိုင်း တစ်မျိုး၊ မိမိရည်မှန်းချက်ရှိသည့်
အတိုင်း
တစ်မျိုး၊ နှစ်မျိုးချဲ့ထွင် နားလည်နိုင်ပါတယ်။ နောက်ဆုံး ဤသို့နားလည်နိုင်ရန်
အနည်းငယ်
ညွှန်ပြထားပါသည်။)

နံပါတ်(၁)
အတ္တာဓိပတေယျ - လူတန်းစားမျိုးရဲ့ နေထိုင်နည်းမှာ မိမိရဲ့
လမ်းကြောင်းမှန်မမှန်ကို ဒီလို စဉ်းစားပါတယ်။ စဉ်းစားပုံကတော့ ငါဟာ
ဆိတ်ငြိမ်ရာ တောအရပ်သစ်ပင်မှာ ၀င်ရောက်နေထိုင်ခြင်း ဟာ ဆွမ်း၊သင်္ကန်း၊
ကျောင်း၊ဆေး လို့ဆိုတဲ့ ပစ္စည်းလေးပါး ပေါများရေးကို ဦးတည်ချက်နဲ့
ဝင်ရောက် နေထိုင်တာမဟုတ်ဘူး။ ငါ့ရဲ့ ရည်ရွယ်ချက်ကား ဖြစ်ခြင်း၊ အိုခြင်း
သေခြင်း၊ ၀မ်းနည်းပူဆွေးခြင်း၊စတဲ့ ဆင်းရဲတွေနဲ့ အမျိုးမျိုးထိပ်တိုက်ရင်ဆိုင်
တွေ့ကြုံခံစားနေရလို့သာလျှင် နည်းနည်းလေးမှပါးပါး ဆိုပြီး ရည်ရွယ်ချက်
တင်းပြည့်ကျပ်ပြည့်နဲ့ ၀င်ရောက်နေထိုင်တာ။ တကယ်လို့များ ဒီလိုကာမဂုဏ်
တရား တွေကိုစွန့်လွတ်ပြီးမှ ကာမဂုဏ်တွေ ဆက်လက်လှုပ်ရှားနေရင်တော့ -

(ထွေးပြီးသား အန်ဖတ်ကို ထပ်စားသလိုမျိုး) မသင့်တော်ပေဘူးဆိုပြီး
မကောင်းတဲ့ဘက် ၊မစင် ကြယ်တဲ့ဘက်ကနေ ၊ ကောင်းတဲ့ဘက် စင်ကြယ်တဲ့ဘက်ကို
ရောက်အောင် မိမိကိုယ်ကို ရှေ့တန်း တင် သုံးသပ်စဉ်းစားခဲ့ပါတယ်။
စဉ်းစားတဲ့အတိုင်း ၀ီရိယရှိရှိ နောက်မဆုတ်တမ်း တရားအလုပ်ကို အပတ်တကုတ်
ကြိုးစားအားထုတ်ခဲ့ပါတယ်။ အားထုတ်တော့ အားတွေတက်လာပြီး သတိကပ်
လာပါ တယ်။
ကမ္မဋ္ဌာန်းအလုပ်မှာ မေ့မေ့လျော့လျော့ မနေထိုင်တော့ဘူး။
ခန္ဓာကိုယ်မှာ
ပင်ပန်းမှုတွေလည်း ငြိမ်းချမ်းလာပါတယ်။ ခန္ဓာကိုယ်
ငြိမ်းချမ်းတော့
ကမ္မဋ္ဌာန်း အာရုံမှာလည်း တစ်ခုတည်းထားနိုင်ပြီပေါ့။
တည်တည်ငြိမ်ငြိမ်
ရှိသွားပြီပေါ့။

အဲဒီရဟန်းဟာ မိမိကိုယ်ကို ရှေ့တန်းတင် စဉ်းစားကာ အောက်ကျနောက်ကျ
ဖြစ်နိုင်တာ တွေကို နုတ်ဆက်လမ်းခွဲခဲ့ရင် ထိပ်တန်းကျ မျက်နှာပန်းလှ လူရိုသေ၊
ရှင်ရိုသေ နတ်တွေပါမကျန် ဦးခိုက်ရန် ထိုက်တန်တဲ့အလုပ်နဲ့သာ မိတ်ဆွေရင်း
လုပ်ကာ
စင်ကြယ်သူ သူတော် ကောင်းဘ၀ အထမြောက်အောင်မြင်ခဲ့ပါတယ်။

နံပါတ်(၂)
လောကာဓိပတေယျ - လူတန်းစားမျိုးရဲ့ နေထိုင်နည်းမှာ ရှေ့ပိုင်းမှာတော့
အတ္တာဓိပတေယျ လူတန်းစားလို ရည်ရွယ်ချက်က အတူတူပါ။ ထူးထူးခြားခြား
စဉ်းစားပုံက တော့ ငါ့ရဲ့ ကြံစည်ချက်တွေ ဟာ သူတစ်ပါးရဲ့ ပစ္စည်းကို မတရားရလိုမှု၊
သူတစ်ပါးကိုသတ်ဖြတ်လိုမှု၊ ညှင်းပန်းနှိပ်စက် ပြုလိုမှုတွေ ကြံစည်မိရင်တောင်မှ လောကမှာ
အစစ်အမှန် သူတစ်ပါးရဲ့ စိတ်ကို ဝေးဝေးနီးနီးသိမြင်နိုင်စွမ်းရှိကြ တဲ့ တန်ခိုးက္ကုဒ္ဓိပါဒ်နဲ့
ပြည့်စုံတဲ့ရဟန်းပုဏ္ဏား ၊ နတ်ဗြဟ္မာ အမှန်တကယ်ရှိတယ်။

သူတို့က ငါ့ရဲ့စိတ် ကိုသိမြင်ကြတဲ့အခါ “ကြည့်ကြစမ်းဟေ့ အပြောတခြား အလုပ်တခြား
(စည်းဝါးမကိုက်လိုက်တာ)သဒ္ဓါတရားနဲ့ ရဟန်းဘောင် ၊သာသနာဘောင်ဝင်ရောက်ပြီး
ရဟန်းအလုပ်နဲ့ အစပ်အဟတ်မတည့်တဲ့ အကြံအစည်တွေ အာရုံတွေနဲ့ နေထိုင်တယ်နော်”
လို့ကဲ့ရဲ့မှာကို တွေးမိကာ အဲဒီရဟန်းအဖို့ ပြည် အမတာ အသေအချာလျှောက်လှမ်းရန်
စိတ်ရည်သန်ပြီး အခြားလူ၊ နတ်ဗြဟ္မာတွေကို ရှေ့တန်းတင် စဉ်းစားကာ စင်ကြယ်သူ
သူတော်ကောင်းဘ၀အထမြောက်အောင်မြင်ခဲ့ပါတယ်။

နံပါတ်(၃)
ဓမ္မာဓိပတေယျ - တရားတော်၊ ဓမ္မဂုဏ်တော်တွေကို ရှေ့တန်းတင်စဉ်းစားပြီး
ဘ၀ကိုစင်ကြယ် စွာနေထိုင်နည်းနဲ့ မိမိရဲ့ လမ်းကြောင်းမှန်မမှန်ကိုဒီလိုစဉ်းစားခဲ့ပါတယ်။
ရည်ရွယ်ချက်တွေ စဉ်းစားပုံတွေကတော့ ရှေ့နှစ်မျိုးလိုပါပဲ။

တရားဂုဏ်တော်(၆) ပါးနဲ့ ပတ် သက်လို့ စဉ်းစားတာပဲ ထူးပါတယ်။ အဲဒါတွေကတော့ -
(၁) သွာက္ခာတော ဘဂ၀တာ ဓမ္မော - မြတ်စွာဘုရားသည် ပိဋကသုံးပုံနှင့်တကွ
လောကုတ္တ ရာတရား (၉) ပါးကို ကောင်းစွာဟောတော်မူအပ်ပေပြီ။
(၂) သန္ဒိဋ္ဌိကော - အရိယာ ပုဂ္ဂိုလ်တို့သည် ကိုယ်တိုင်မြင်နိုင်ပါပေတယ်။
(၃) အကာလိကော - မဂ်လေးပါးသည် တစ်ခုရပြီးလျှင် ထိုမဂ်မအားလျော်စွာ
အကျိုးဖိုလ်ကို အကြားမလပ်ရနိုင်တယ်။ စောင့်ဆိုင်းရခြင်းမရှိပေ။
(၄) ဧဟိပဿိကော - လောကုတ္တရာတရား ကိုးပါးသည် စင်ကြယ်ကောင်း
မြတ်သောကြောင့်
လာပြီးကြည့်စမ်းပါဟုဆိုရမည်ဖြစ်ပေတယ်။
(၅) သြပနေယျိကော - လောကုတ္တရာတရားသည် မိမိနှလုံးသားထဲ ယူဆောင်
ထည့်ထားရမည့်
တရားဖြစ်ပေတယ်။
(၆) ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိ - ပညာရှိပုဂ္ဂိုလ်တွေ စိတ်အသီးသီးမှာသာ
ခံစားနားလည်နိုင် မှာဖြစ်တယ်။

ဒီလိုတရား ဂုဏ်တော်တောါအကောင်းအမွန်ရှိပါလျှက်နဲ့ကောင်းစွာသွန်သင်ဟော
ဖော်ပြသထားတဲ့ သာသနာ့ဘောင်အတွင်းမှာ နေထိုင်တဲ့ ငါဟာ ကုသိုလ်
အလုပ်တွေကို
ပျင်းရိပြီး ကောင်းတဲ့ အလုပ်တွေမှာ မလုပ်မိဘဲနေလို့ကတော့
မသင့်တော်ပေဘူးဟု
တရားတော်တွေ ရဲ့ အပေါ်မှာ ရှေ့တန်းတင်ပြီး စင်ကြယ်သူ သူတော်ကောင်းဘ၀ကို ရောက်ရှိလာခဲ့ပါတယ်။

ဒီဆောင်းပါး တရားတော်ကို ဖတ်ရှုလေ့လာခြင်းအားဖြင့် ရဟန်းသာမဏေများရဲ့
ရည်၇ွယ်ချက်နှင့် မိမိကိုယ်ကို စင်ကြယ်သူဖြစ်နေထိုင်လိုပါက ပညာနှင့်
မပါတ်သက်သော
အလုပ်လုပ် မိနေ လျှင် မိမိကိုယ်ကို ရှေ့တန်းတင်ပြီး
အမှားမှ အမှန်သို့ရောက်အောင်၊
အခြားသူတွေရဲ့ ကဲ့ရဲ့ပြစ်တင် သံကို
ရှေ့တန်းတင်ပြီး အကောင်းနယ်သို့ရောက်အောင်၊
ကြိုစားမှ အောင်မြင်၏/-
ဟူသော ဓမ္မကိုရှေ့ တန်းတင်သုံးသပ်ပြီး မိမိအောင်မြင်မှုကို
ရရှိလာမှာ ဖြစ်ပါတယ်။

အခြားစီးပွားရေး၊ ဘာသာရေး ၊လူမှုရေး မည်သည့် အလုပ်မဆို အထက်
ဖော်ပြပါနည်းနဲ့
ပြင်ဆင်သုံးသပ်သွားမည် ဆိုပါလျှင် မိမိတို့ ရည်ရွယ်ချက်
အမှန်ကို အဖြောင့်အတန်း လျှောက်လှမ်း
နိုင်ကြောင်း သတိနှင့်ပညာ
လက်တွဲလျှက် ကြိုးစားကာ စင်ကြယ်သူဘ၀ရောက်ရှိရန်

တိုက်တွန်းလိုက်ရပါတော့တယ်။

အရှင်တေဇောဘာသ (မြင်းခြံ)
သုဒ္ဓံ အတ္တာနံ ပရိဟရ န္တု


2005 ခုနှစ်၊ စက်တင်ဘာလ အတွဲ(၆) အမှတ်(၉)
ကောဇာသက္ကရာဇ် ၁၃၆၇ ခုနှစ် ၊ တော်သလင်းလ

ဒီဆောင်းပါးပဲပေါ့။ ပထမဦးဆုံး အပ္ပမာဒ မဂ္ဂဇင်း စထည့်ကြည့်တာ။
စန်းထည့်ကြည့်တာ။
ပထမဦးဆုံးထည့်ပြီး ပထမဦးဆုံးပါခဲ့တဲ့ ဆောင်းပါး။
ပထမဦးဆုံး စာရေးဆရာ လို့ ဆိုပြီး
သူငယ်ချင်းသံဃာများအား
ကော်ဖီလှူဒါန်းခွင့်ရခဲ့တဲ့ အသိမှတ်ပြုခံခဲ့ရတဲ့ ဆောင်းပါးပေါ့။

ခု မဖတ်ရသေးသူအတွက် မြန်မာပြည်က ညီမတစ်ယောက်ရဲ့ 
ကူညီမှုနဲ့ အီးမေးကတစ်ဆင့်
ပေးပို့ လိုက်လို့  ထပ်ပြန်လည်
ဖေါ်ပြလိုက်တာပါ။


မြတ်ရောင်နီ
(၁၃၊၀၁၊၂၀၁၀)



No comments:

Post a Comment