ဂျာမဏီမြေပေါ်မှာ ပွဲကြီးပွဲကောင်း
ပထမဆုံးဆောင်းပါးမှာ-ဂျာမဏီမြေပေါ်- ဖွား ပွင့် ဟော စံ ဗျာဒိတ်ခံ-ဆိုတဲ့ နေ့ ထူး
နေ့ မြတ် ကဆုန်လပြည့် နေ့ မှာ ခြေလှမ်းများ စခဲ့ပါတော့တယ်-လို့ ရေးခဲ့ပါတယ်။
အဲဒါလည်း ကိုယ့်မြန်မာ ပြက္ခဒိန်အရ အမှန်ပင်။ ဒါပေမယ့် နိုင်ငံရပ်ခြား အရှေ့ နဲ့ 
အနောက်ဖြစ်နေတာမို့  ဂျာမဏီကား လပြည့်နေ့  မဟုတ်သေး။ မေလ ၉ရက်၊
ကဆုန်လပြည့်ကျော် (၁)ရက်နေ့  မှာ လပြည့်နေ့ ဖြစ်ပါတယ်။ ဒီလိုနဲ့  ဂျာမဏီ
လပြည့်နေ့ ကား မြန်မာနိုင်ငံမှာ လို ဘုရားမှာလို ညောင်ရေသွန်းပွဲလည်းမရှိ။
ဓမ္မစကြာ သံပြိုင်ရွတ်တဲ့ ၀တ်အဖွဲ့ လည်း မတွေ့ ရ။ သို့ သော် ပွဲကား ပွဲကြီး ပွဲကောင်းပါပဲ။
ဒီနေ့ မှာ မြူးနစ်မြို့ ရဲ့  ဥယျာဉ်ကျယ်ကြီးမှာ ဝေဆက်ဒေး ဆိုပြီးကျင်းပလိုက်တာ
အကြီးအကျယ်ပါပဲ။ လူတွေကလည်း များမှ များပဲကိုး။
အဲဒီမှာစတွေ့ တော့တာပဲ။
နဂိုရ် ကိုယ်မြင်ထားတဲ့ အမြင်တွေလည်း ရှင်းသွားတယ်။
ဟိုတုံးက ဆို တော်တော်လေး အမြင်ကျဉ်းတယ်။ ကျဉ်းတာလည်း မပြောနဲ့ လေ နွားခြေရာ
ခွက်ကို အကျယ်ကြီး ထင်မိတာကိုး။ စပြောရမယ်ဆိုရင် ဘုရားသားတော် အချင်းချင်း
တူပါလျက်နဲ့  ရွှေကျင်၊ သုဓမ္မာ၊ ဒွါရတွေ ဂိုဏ်းတွေစွဲ၊ ဂိုဏ်းတွေခွဲ ပြီး မြင်ခဲ့တယ်။
ကိုရင်မ၀တ်ခင်က အမြင်ရှင်းတယ်။ ဘုန်းကြီးလို့ သိတာ။ ကိုရင်လို့ ဘဲ သိတာ။
သံဃာပေါ့လေ။ ကိုရင် ၀တ်လာတော့ ငါက ရွှေကျင်တဲ့။ ဘာလို့ ရွှေကျင်မှန်းလည်း မသိဘူး။
ဆရာကျင်တော့ ကျင်လိုက်တာပဲ။ မြို့ ရောက်တော့ ပိုသိသွားတယ်။ ဒါက ရွှေကျင် ၊
ဒါက သုဓမ္မာ စတာ စတာတွေ။ ပိုသိတာက ရှုပ်သွားတာ။ အပိုသိသလို ဖြစ်သွားတာ။
နောက်ကြာလာတော့ ရှင်းသွားတယ်။ ကြာတာကလည်း တော်တော်ကြီးမှ။
ရှင်းတဲ့ အကြောင်းကလည်း ဘယ်ဂိုဏ်းရယ်လို့  မရွေးဘဲ နေတတ်သွားတာကိုး။
နောက်ပိုင်း တကယ်နားလည်သွားတာကတော့ စာထဲမှာ တွေ့ တာနဲ့  အပြင်က
ဖြစ်နေတာ တိုက်ဆိုင်ကြည့်မိတာပဲ။ စာ သိ -တတ်သိနားလည်တာကို စိတ်မှာ
တပ်ဆင်ပေးလိုက်တာပါပဲ။
ဘုရားလက်ထက်ကလည်း ဘယ်အမျိုးမြတ်တယ်၊ ဘယ်အမျိုးက နိမ့်တယ်။
ဇာတ်နိမ့် ဇာတ်မြင့် ခွဲကြတဲ့ ညဉ်ဝါသနာက တယ်ကြီးကိုး။ ဘုရားက အမျိုးနဲ့  မဆိုင်ဘူး။ ချမ်းသာဆင်းရဲ နဲ့ မဆိုင်ဘူး။ ၀ိဇ္ဇာ စရဏ ဆိုတဲ့  အသိ အကျင့် ပြည့်စုံသူက မြတ်တယ်။
လို့  သီလက္ခန္ဓ၊ အမ္ဗဋ္ဌသုတ်မှာ ဆိုတာမျိုးတွေ စာဖတ်ပါများ လေလေ ရှင်းလေလေ
ဖြစ်လာတာပါပဲ။
နောက်တစ်ခုက ထင်တာပြောရရင် သာသနာ့ တက္ကသိုလ်၊ထေရ၀ါဒတက္ကသိုလ်မျိုး
ပေါ်ပေါက်တာလည်း တော်တော်လေး ကောင်းသွားတယ်။ ဂိုဏ်းဂဏ ရှင်းသွား တယ်။
တစ်ချို့  ဂိုဏ်းတွေက သံဃာအချင်း ချင်း တောင် မစားကြဘူးတဲ့။
ပုတ်ခတ်တာမဟုတ်ပါဘူး။ ကြားသည့်အတိုင်း ပြောတာပါ။ ခေတ် ရဟန်းပျိုတွေက
တော်တော်လေး အမြင်ရှင်းကုန်ပါပီ။
ထေရ၀ါဒ တက္ကသိုလ် တက်စဉ်ကလည်း ဒီလောက် မရှင်းသေးတာ။
မရှင်းတာကဂိုဏ်းမဟုတ်ဘူး။ ထေရ၀ါဒ ၊ မဟာယန ဆိုတဲ့ ခွဲခြားမှုပါပဲ။
ဂိုဏ်းကရှင်းတာ ကြာပါပီ။
ခုတွေ့ တာက မဟာယာန ရော၊ တိဗက် ပါ တွေ့ လာတယ်။ တိဗက်တွေက ဒီမှာ က
ပို အားကောင်းတယ်။ ကျောင်းနားလေးကကျောင်းရှိတော့ တစ်ချို့ ကျောင်းသားငယ်တွေက
ဆွမ်းခံ ပြန်လာတာ မြင်ရင်တောင်မှ ဒလိုင်းလားမား-တဲ့..သူတို့ ကျောင်းပေါ်က
အော် အော် ပြီး နှုတ်ဆက်ကြတယ်။
ကဲ ...သွားပါလေရော။ နာမည်က အဲ..လိုကို ဒီမှာ လွှမ်းမိုးနေတာ။ ဒါပေမယ့် သူတို့ 
သိတာက ဗုဒ္ဓဘာသာ ရယ်ပါ။ တကယ်စေ့စေ့စပ်စပ် လေ့လာသူတွေကသာ ထေရ၀ါဒ၊
မဟာယာန၊ တိဗက် စတာတွေ ပြောတာ။
ခု ပြောချင်တာက ဝေဆက်ဒေး။ ဝေဆက်ဒေးက ထေရ၀ါဒ ကဆိုင်တာလား။
မဟာယာန က ဆိုင်တာလား။ တိဗက်က ဆိုင်တာလား စတာ စတာတွေ စဉ်းစား
ကြည့်တော့ ဘုရားသားတော် အမည်ခံရင် ဝေဆက်ဒေး ဆိုင်တာပဲလေ။
ဒီလိုဆိုတော့ သူတို့ ကို မပေါင်းလို့ ကတော့ မဖြစ်ဘူး။
ခု ဝေဆက်ဒေးမှာလည်း အတူတူပဲ လှုပ်ရှားကြတာ။ ခြံဝန်းကြီးထဲမှာလည်း ဘုရား
ဈေးပွဲတန်း။ ဘုရားပုံ အမျိုးမျိုး။ ဘုရားစာအုပ်အမျိုးမျိုး။ ဆိုင်ခန်းတွေ ဖွင့်ထားကြတာ။ တိဗက်ဆိုသူတို့  ကတော့ ကိုယ်တိုင် ဆိုင်ထိုင် ဈေးရောင်း၊ ရင်းနီးသူလာရင်မိတ်ဆက်ပေါ့။ မိတ်ဆက်တာက ဥရောပ စတိုင်ပေါ့။ ဖက်လှဲတကင်းပါပဲ။ နိုးဘရော်ဘလမ်၊
သူတို့ အတွက်တော့။ ဆိုင်က ကိုယ့်ထိုင်တဲ့ ဘေးမှာဆိုတော့ မျက်စိက
ရောက်ရောက်သွားသေး။
အဲဒီနေ့ မှာ ထေရ၀ါဒ အုပ်စုအဖွဲ့  အနေနဲ့  ထိုင်းက အဓိက ထားပြီး ပွဲတော်
ကျင်းပတာပါ။ သူတို့  ထိုင်းဦးရေက မြူးနစ်ဝန်းကျင်မှာ လူဦးရေ ငါးထောင်
လောက်ရှိတယ် လို့ သိရတယ်။ အကုန် မလာတောင် တော်တော်လေး စုံမယ်လို့ 
ထင်ပါတယ်။ များမှ များ။ အဲဒီနေ့ မှာတော့ တို့  ရွှေတွေက ရွှေထက် ရှားလို့ 
တောင်ပြောရမယ်။ စိုးစဉ်းတစ်မှုံတစ်လေမှ မတွေ့ ရ။ သီရိလင်္ကာနိုင်ငံက
နှစ်ဦး သုံးဦးတွေ့ မိသေး။
ထိုင်းများကိုတော့ ညီညွတ်လိုက်ပါပေ့ လို့  စိတ်ထဲ ခြီးမွမ်းလိုက်တယ်။
ဖြေဖျော်မှုတွေက လည်း ရိုးရာ အက ၊ ရိုးရာ လက်ဝှေ့  စုံလို့ ပါ။ သူတို့ ကို
ကြည့်ပြီး ညီညွတ်အောင် ဘယ်လို လုပ်ထားကြသလဲ။ အဖြေအမြဲ စဉ်းစား
နေခဲ့တယ်။ စဉ်းစားရုံနဲ့  မပြီးသေး၊ လေ့လာရကြည့်ရသေးတယ်။
တိကျတဲ့ အဖြေလို့  ပြောမ ရ ပေမယ့် နီးစပ်တာကတော့ တစ်ယောက်
ခေါင်းဆောင်ရင် ကျန်တာ နောက်လိုက်လုပ်တတ်တာ ကို သတိပြုမိတယ်။
ပြီးတော့ သူတို့  အချင်းချင်း တွေ့ တော့လည်း ဆ၀ါဒိခ အသံလေးတွေနဲ့  နှုတ်ဆက်ကြတာ
တွေ့ ရတယ်။ လက်အုပ်က ချီလိုက်သေး။ လက်အုပ်ချီတာတော့ အမျိုးမျိုးပေါ့နော်။
သူတို့ က သိသိ မသိသိ ထိုင်းဖြစ်ရင် ပြီးတာပဲ။ ခင်လွယ် မင်လွယ်ကြတာလည်း
တွေ့ ရတယ်။
ကိုယ့်ရွှေတွေ အချင်းချင်းတွေ့ ရင် မင်္ဂလာပါ ဆိုတာကို အများသိအောင်
ကမ္ဘာ့ အလယ် ပြလိုက်ချင်တာ။ သို့ သော်....။
တို့ ရွှေများမတော့ ဘယ်နိုင်ငံရောက်ရောက် ဒီလိုပဲ တဲ့။ ဘာအရေးလုပ်လုပ်
ပါတဲ့...။တွဲဖို့ မမြင်၊ ကွဲဖို့ ပင်-တဲ့လေ။ ဒီ ညဉ်ကြီးကိုများ တရားသေ မှတ်နေရောသလား။
ညဉ် ၀ါသနာ ဆိုတာ ပင်ကိုယ်ဓာတ်ခံက ပါတာရှိသလို လုပ်ယူရတာ လည်း ရှိပါတယ်။
ဝါသနာ ဆိုတာ ထုံထားခြင်း။ မွှမ်းထားခြင်း ၊ သိပ်ထားခြင်း ပါပဲ။
ဥပမာ- ဗူးသီး ဟာ ဟင်းချို လုပ်ရသလို။ အချဉ်တည်လိုက်ရင် ဗူးချဉ် ဖြစ်သွားတယ်။
အစကတော့ မချဉ်ပါဘူး။ လူက ပြောင်းလွဲပေးရတာပါ။
ညီညွတ်ခြင်းဟာ ခွန်းအားပဲ ဆိုတဲ့ စာတမ်း၊ စကားများကိုလည်း သိမှသိ။
လက်က မချ၊ ရေးလိုက်ကြတာ။ ပါးစပ်ကမချ၊ ပြောလိုက်ကြတာ။ စာတမ်း၊
စကားများနဲ့ အဆုံး မသတ်စေသင့်။ လက်တွေ့ အကောင်ထည် ဖေါ်သင့်တာ
ကြာနေပြီ။စဖေါ်နိုင်တဲ့ အချိန်ဟာ နောက်မကျသေးဘူး။
ကလေးတုံးကဆို ကျောင်းစာကလွဲရင် အခြားစာ ကာတွန်းတောင် မျက်နှာဖုံး
ဓာတ်ပုံသေချာ မကြည့်။ ၀တ္ထု ဝေလာဝေး။ စာတွေများလွန်းလို့  မကြည့်ချင်ဘူး။
မကြည့်ခဲ့ဘူး။ နောက်တော့ အသုံးဝင်မှန်းသိလာတာနဲ့  အမျှ ကာတွန်း၊၀တ္ထု၊ မဂ္ဂဇင်း၊
ဂျာနယ် အစုံ ဖတ်ရတာ ၀ါသနာ ပါလာတယ်။ ခုဆို စာရေးပြချင်တဲ့ စိတ် ရှိတာနဲ့ 
ပြန်ရေးချနေတာကို ကြည့်ပေတော့။
ဒါက ကိုယ်နဲ့ စာပြီး စိတ်ချင်း စာနာကြည့်တာပါ။ ညီညွတ်တယ်။ ဘယ်နေရာဖြစ်ဖြစ်
တို့ ရွှေတွေ ညီညွတ်တယ် ဆိုတဲ့ အချဉ်တည် မိစေချင်တယ်။
ဒီပွဲတော်ကို ကြည့်ရင်းကနေ ပွဲကြီးပွဲကောင်း စိတ်တွေ ၀င်လာခဲ့တာပဲ။ ဒီလို ပွဲမျိုးမှာ
ပွဲကြီး ပွဲကောင်းစိတ်နဲ့ အတူ ထေရ၀ါဒဆိုတာ ဒီလိုကွ ဆိုပြီး အောက်မချတဲ့ မာန်မာန။
အောက်မကျတဲ့ မာန်မာနသုံးပြီး နှစ်ပါးသား အများသိအောင် သပိတ်စခန်း စတင်
ဖွင့်လှစ် လိုက်ပါတယ်။ သီရိလင်္ကာ သယ်ဆောင်လာတဲ့ သပိတ်၊ ဝေဆက်ဒေးနေ့ 
ပွဲကြီးပွဲကောင်းနွှဲ ခဲ့တယ်။ သပိတ်ဆိုတာကိုပြပွဲ လုပ်တာလေ။ ဒီသပိတ်က ဒီလို
ထည့်ဘုဉ်းလို့  ရပါ့လား။ အများမြင်နိုင်တာပေါ့။ ထင်ပါတယ်၊ တစ်ချို့ သိသူရှိပေမယ့်၊
သပိတ်နဲ့  စားတာကို မမြင်ဘူး သေးသူတွေလည်း ရှိမယ်။
ဘုရားသားတော် အချင်းချင်း ခြားနားတာတော့ သူတို့  သိသွားကြတာပေါ့။
ထေရ၀ါဒ ဆိုတာ နှုတ်ဆက်တာကလည်း လက်အုပ်ချီ နှုတ်ဆက်ရတယ်။
သပိတ်ဆိုတဲ့ ခွက်နဲ့  ဘုဉ်းပေးကြတယ်ပေါ့။
ဒါပေမယ့် တိဗက်ဘဲ ဖြစ်ဖြစ်၊ မဟာယာန ဘဲ ဖြစ်ဖြစ် သူတို့ ကိုလည်း
ဘုရားသားတော်လည်း သတ်မှတ်ထား ရမယ်လေ။ သူတို့ လည်း သူတို့ ဟာနဲ့ သူပဲ
ဘုရားဝတ်ပြု၊ တရားထိုင်တာလည်း ရှိတာပဲ။ အနည်းဆုံးတော့ သူတို့ က
ငွေရအောင်ရှာတယ်။ ပြီးရင် စာအုပ်တွေ ပြန်ရိုက်ပြီး လှုတယ်။ သူတို့ က ထေရ၀ါဒ
စာအုပ်ကို မရိုက်ဘူးဆိုတာ မရှိဘူးလေ။ မြန်မာနိုင်ငံလည်း သွားလှုကြတယ်။
ပြီးတော့ သူတို့ ကျောင်းတွေမှာ လှူကြတာတွေ ရှိတာပဲ။ သူတို့  ရှိလို့  ဗုဒ္ဓဘာသာ
ဦးရေက ပိုများတာပေါ့။ မဟာယာန တိဗက်တွေသာ အခြားဘာသာ ဖြစ်သွားရင် အားလျော့သွားမယ်။
တစ်ခု စိတ်ထဲမှာ သဘောပေါက်မိတာက သူတို့ က ဗုဒ္ဓဘာသာကို အကြမ်းထည်
လုပ်ပေးတယ်။ ထေရ၀ါဒ က အချောထည် ဖြစ်အောင် လုပ်ပေးနိုင်အောင် ကြိုးစားရုံပဲ။
ဘယ်လိုပဲဖြစ်ဖြစ် နဂိုရ်က တရုတ်ဘုံ ကျောင်းသွားခဲ့ရင် ၊ တရုတ်ဘုံကျောင်းကို မြင်ရင်
အဲဒီလို စိတ်ထဲ မပေါ်မိ။ ခုတော့ တစတစနဲ့  သူတို့ ကိုလည်း သာသနာပြုဘက်ပဲ
လို့ တောင် မြင်မိလာတယ်။
ပွဲကား ဝေဆက်ဒေး။ ကဆုန်လပြည့် ဗုဒ္ဓနေ့ ။ ဗုဒ္ဓဘာသာ ပေါင်းစုံတဲ့
တကယ့် ပွဲကြီးပွဲကောင်းပါပဲ။ စိတ်ကလည်း ပွဲကြီးပွဲကောင်းစိတ်တွေ ၀င်ခဲ့ပါသကော။
မိမိစိတ်ထဲမှာ ထင်တာ မြင်တာကို ပြောခြင်း၊
ရေးခြင်းသက်သက်ပါ။အားလုံးလွတ်လပ်စွာ
တွေးနိုင်ပါတယ်။
မြတ်ရောင်နီ
(၀၈၊၀၁၊၂၀၁၀)
အဲဒီမှာ စတွေ့တော့ပဲ လို့ပြောလိုက်တော့ ထိတ်ပြာသွားတယ်။ အော် ဒီလိုတွေ့တာမျိုးတော့ လူတိုင်းတွေ့စမ်း၊ တွေ့ကြစမ်းပါစေ။ အထူးသဖြင့် ကျုပ်တို့အမျိုးဘုန်းကြီးတွေ တွေ့ကြစမ်းပါစေ။
ReplyDeleteထိပ်တန်းထေရ၀ါဒကိုယ်တော်ကြီးကိုယ်တော်ငယ်လေးတွေ တွေ့ကြပါစေ။
အစွဲတွေကင်းကြ။ လက်ဆွဲနှုတ်ဆက်ကြ.။ ဗုဒ္ဓအရှင်ရဲ့သတင်းအမှန်ကို ဖြန့်ချီကြ။ ဗုဒ္ဓအရှင်ရဲ့ ကရုဏာတော်နဲ့ မဟာပညာကို ကမ္ဘာချဉ်းအောင်လင်းစေကြ။
ခပ်ခွာနေထိုင်ခြင်းဟာ ခပ်ဝေးဝေးကို ရောက်သွားတာကလွဲလို့ အကျိုးတစ်စုံတစ်ရာမဖြစ်ထွန်းစေမှန်းသိသင့်ကြသပေါ့။
မဟာယာနပဲဖြစ်ဖြစ် တိဘက်ပဲဖြစ်ဖြစ် ဗုဒ္ဓခြေလှမ်းနောက် ထပ်ချပ်မကွာလိုက်ရင် ဗုဒ္ဓရင်နှစ်အစစ်ဖြစ်ပေလိမ့်။
မဟာယာနတွေ တိဘက်တွေက သူတို့မှာ မရှိတာတွေ ထေရ၀ါဒဆီက ကူးယူဖြန့်ချီရဲတဲ့သတ္တိရှိနေပြီ။ ကျင့်သုံးလိုက်နာတတ်တဲ့ အစဉ်အလာကောင်းကို မွေးကုန်ကြပြီ။ ဥပမာ ထေရ၀ါဒဆီက အဘိဓမ္မာနဲ့ ၀ိပဿနာနည်းနာစတာတွေပေါ့။ သူတို့က အစွဲအလမ်းကင်းကင်း ဆွေမျိုးစပ်နေချိန်မှာ ထေရ၀ါဒက မဟာယာနနဲ့ တိဘက်တို့ရဲ့ အပြစ်အနာဆာတွေ ရှာဖွေဟောလို့ကောင်းတုန်း။ ဒါပေမယ့်
မဟာယာနတွေရဲ့ အသဒိသဒါနတွေကိုတော့ သာဓုခေါ်တတ်ကြသေးပေါ့။
တကယ်တော့ ကိုယ့်အရည်အသွေးကို လျှော့ချပစ်ဖို့မဟုတ်ဘူး။
လောကဟိတနဲ့ လောကသုခအတွက် ဘုရားရှင်အလိုတော်ကျ ဘယ်လိုလက်တွဲဆောင်ရွက်ကြမလဲဆိုတာပဲဖြစ်လေရဲ့။
Ok, let's celebrate the Wesakh day together.