ကျောင်းရောက်တယ်ဆိုရင်ပဲ အနားယူရတယ်။ လေယာဉ်စီးခဲ့ရတာက (၈ ) နာရီ
ကျော်ကျော်။ ဒါကြောင့် ပင်ပန်းတာလည်း မဟုတ်ဘူး။ ဘတ်စ်ကားစီးတာလည်း
နာရီဝက်ပါပဲ။ ဒါကြောင့်လည်း မဟုတ်ပြန်ဘူး။ ဘတ်စ်ကား ဆိုလို့  မြန်မာပြည်လို
ဘတ်စ်ကား သွားပြေးမြင်ရင်တော့ပိုက်ဆံနှမြောလို့  တက်စီမငှါးတာ ပါကွာ လို့ 
ထင်ကောင်း ထင်စရာရှိပါတယ်။ အဲလိုလည်း မဟုတ်ရဘူး။ နှမြောစရာလည်း
မလို့ ကို မလိုတာပါ၊ ပင့်ထားတဲ့ သူငယ်ချင်းက ငွေတစ်ပြား မှ ယူလာစရာမလိုဘူး လို့ အစကတည်းက ပြောပြီးသားလေ။ ဟုတ်ပမလားလို့ တောင် ထင်မိတယ်။ သူပြောတဲ့
အတိုင်းပါပဲ အားလုံး လက်မှတ်ကို စီမံပြီး ယူလာခဲ့တာပါ။
ဘတ်စ်ကားဆိုတာကလည်းကောင်းမှ ကောင်းပါ့ လား။
ဘတ်စ်အားလုံး အထူးယာဉ် ဆိုတဲ့ ဆိုင်းဘုတ် မပါတာပဲ ရှိတယ်။ အထူးယာဉ်တွေ
ကြည့်ပါ့လား။ လူက လည်း ပြည့်စေ့ညှပ်နေအောင် စီးကြတာ မဟုတ်ဘူး။ စီးဖို့ လည်း
မလိုဘူးလေ၊ ကားကပြည့်စုံနေ တာ ကို။ တို့ ရွှေနိုင်ငံတုန်းက ကားစီးတာတော့
သိတဲ့အတိုင်း လူညပ်နေလို့  ခြေထောက်နဲ့  ကား ကြမ်းပြင်တောင် တစ်ခါတစ်ခါ
မထိမိဘူး။ အသက်ရှူတာ ၀ဖို့  အတော်လေး ကြိုးစားရ။ ဒါတောင် ဘုန်းကြီးမိုလို့ 
သံဃာ တော်များ ဦးစားပေးရန် ထိ အရောက်တိုးခဲ့ရ။ ထားပါတော့ လေ။
ခု ပြောချင်တာက ဘတ်စ်ကားနဲ့ ပါတ်သက်ပြီးတော့ သိစရာ လိုတာလေးတွေ
ပြောချင်တာပါ။ ဘတ်စ်ကား မှာက သွားမည့်နေရာ ဦးတည်ရာကို အော်ကြီး
ဟစ်ကျယ်နဲ့  အော်သံမျိုးလည်း မကြားရဘူး။ ပြီးတော့ ကားစပယာ ဆိုတဲ့
နောက်လိုက် က ပေးကြနော်။ မပေးရင် ဘာဖြစ်မယ် ညာဖြစ်မယ်နဲ့  ကြိမ်ဆဲသံ
မျိုးလည်း မကြားရဘူး။ တစ်ချို့ ပါဆယ်ဂျာများရဲ တစ်ထောင်တန် ပေးထားတာ
ပြန်မအမ်းသေး ဘူးနော် ဆိုပြီး စပယ်လက်ထဲမှာ တစ်ထောင်တန်မရှိဘဲ လိမ် ညာပြီး
တောင်း သံမျိုးလည်း မကြားရဘူး။ စပါယ်ယာက ပါစင်ဂျာရဲ့ အတန်ကြီးပေးထားတာကို အမေ့ခံတာမျိုးလည်း မရှိဘူး။
လက်မှတ်ဈေးနှုန်းက ဘတ်စ်တော့ မှာ ကပ်ထားတယ်။ ဘယ်ထိဆိုရင် ဘယ်လောက်ပေါ့။
ဒါမှ မဟုတ် တစ်နေ့ လုံး စီးလို့  ရတဲ့ လက်မှတ်ဝယ်ထားရင် ကားစီးစီး ရထားစီးစီးပါ၊
လွယ်မှ လွယ်။ ရထားဆိုလို့  မှတ်မှတ်ရရ တစ်နေ့ က မြန်မာ ဒကာမ အိမ် ဆွမ်းစား
ကြွတုံးလေး ရထား ဘယ်နှစ်လိုင်း ရှိပါလိမ့် မတုံးလို့  စူးစမ်းကြည့်တာ။ ဟိုကြည့်
ဒီကြည့်နဲ့  ၃၆ လိုင်းထိ ပါလား။ အားပါးပါး။မြူးနစ်မြို့ ကြိးကိုး။
အဲ...ဒီလိုဆိုတော့ အေးအေးဆေး ဆေးပေါ့။ သွားလိုရာ ရထားစီးမလား ၊ ကားစီးမလား။
ဒါကကြားဖြ တ် ပြောပြတာပါ။ ဘတ်စ်ကား နဲ့ ပတ်သတ်လို့  လူတွေကလည်း တကယ်စည်းကမ်းရှိကြပါလား။ သူ့ ဈေးနှုန်းနဲ့  သူတန်အောင် ပေးစီးကြတာ။
စရိတ်ကတော့ ငြိမ်းသလားမမေးနဲ့ အိတ်ပါလာလို့  အိတ်ဖိုး တောင်းတာမျိုး လည်း
မရှိဘူး။ ဒီအတိုင်းပဲ ရထားပေါ်လည်း စက်ဘီး သမားတွေ တင်သွားတာ။
ဘာမှ ၀န်ဆောင်ခ မပေးရဘူး။
အဓိက ပြောချင်တာက ကိုယ်က ဥရောပ ဆိုတာ ရောက်နေပေမယ့် ခန္ဓာဥာဏ်ရောက် တရားဆင်ခြင်သလို ကိုယ့်မြေကို သွားသွားပြီး ပြန်မြင်ယောင်နေ တယ်လေ။ ကားနဲ့  ပါတ်သက်ပြီးလည်း ကားမောင်းသမားကလည်း ကိုယ့်ကားကို သူ့ အချိန်နဲ့  သူရော က်
အောင် မောင်းမယ်၊ ပါစင်ဂျာတွေက လည်း မှန်မှန်ကန်ကန် ပိုက်ဆံပေးမယ်ဆိုရင်
စပါယ်ယာလည်း မလိုဘူး။ နှစ်ဘက်မနာရင်၊ ကိုယ့်ဘက် သူ့ ဘက် ကြည့်ပြီး အလုပ်လုပ်ကြမယ်ဆိုရင် ဘယ်လောက်ကောင်းလိုက် မလဲပေါ့။ အဲလို အဲလိုမျိုး။
ပြီးတော့ ဒီက ကား၊ ရထားတို့ ဆိုတာ ဘတ်စ်တော့ပ်တိုင်း၊ ဘူတာတိုင်းမှာ ဆိုက်ရောက်
ရမည့် အချိန်က တိကျမှုက တော်တော်လေးကို ရှိတာပါ။ ဆိုက်ရောက်တဲ့ အချိန်
တိကျမှတော့ လမ်းမှာ ရပ်သမျှလည်း စောင့်ခြင်းပြုခြင်းလည်း မရှိဘူးလေ။ အချိန်ကုန် သက်သာတယ်။ အဲလိုလေး ကိုယ်နိုင်ငံနဲ့ ယှဉ်ယှဉ်ပြီး ဖြစ်စေချင်တာ၊ တရားထူး
ရစေချင်တာ။ တရားထူးဆိုတာ မဂ်တွေ ဖိုလ်တွေကို ပြောတာ မဟုတ်ပါဘူး။
ကားဆရာက ပါစင်ဂျာကို ငဲ့ညာတတ်တဲ့ သနားမှု၊ ပါစင်ဂျာများက ကားခကို မှန်မှန်
ကန်ကန် သတ်မှတ်ထားတဲ့ အတိုင်းပေးမှု။ ခိုးစီးတာ မရှိတာမျိုး၊ အဒိန္နာဒါန ကံကို
ရှောင်မှု။ ပြီးတော့ သက်ကြီး ရွယ်အို ကိုယ်ဝန်ဆောင် နဲ့  ဒုက္ခ သည်များ
ကို မိမိနေရာ ထပေးဖို့  ၀န်မလေးတဲ့ အပစာယန၊ဝေယျာဝစ္စမျိုးဆို မကောင်းတဲ့
စိတ်ကနေ ထူးခြားသွားတဲ့ တရားမျိုးကို ပေးနိုင်ရင် ရွှေပြည်ကြီးမှာလည်း အဆင်ပြေ
မယ်လို့  ယုံကြည်မိတာနဲ့  ဒီဘတ်စ်ကားနဲ့  ပါတ်သက်လို့  တင်ပြရေးသားတာပါ။
ကိုယ်ပိုင် ကားမစီးနိုင်သေးသူများ အဖို့  ဘတ်စ်ကား ဆိုတာ ငွေနဲနဲလေးနဲ့  ကိုယ်တိုင်
မမောင်းရဘဲ လိုချင်ရာ ရောက်တာပါလား လို့  သဘောပေါက်လိုက်စမ်းပါ။ ကားဆရာ
ကလည်း ဒီလူအများကြီးကို ငါ စီးပွါးရေး သက်သက်မဟုတ်ဘဲ သူတို့  လိုရာ ခရီးကို ငါပို့ နေတာပါလား ၊ တကယ့် စိတ်ကောင်း နှလုံးကောင်းများ ထားနိုင်ကြမယ် ဆိုရင်တော့
အတိုင်းထက် အလွန်ပေါ့။
တစ်ခု စဉ်းစားစရာက ဥရောပ ကားဆရာ၊ ရထားထိန်းတို့ ဆိုတာ အစိုးရလခစား
ဆိုတော့ မောင်းရုံသက်သက်ဆိုတော့ ငါ လီမစ် ၀င်ငွေ ပြည့်ပမလား- ဆိုတာတွေတော့
မလိုဘူးပေါ့။ ရွှေနိုင်ငံမှာတော့ အလုအယက် မောင်းရ၊ ဆီဖိုးပြည့်အောင် လှုပ်ရှားရ၊
ကားအုန်နာ အပ်ဖို့ ရှာကြံရနဲ့ ။ (ကားအုန်နာ ကိုယ်တိုင်မောင်းတာ ရှားပါတယ် )။
ကားဆရာခြင်း လုပ်နေရတဲ့ အခြေနေတွေက မတူဘဲလေ။ သူတို့  တွက်ပြမယ်
အကြောင်းရာတွေကို ကြည့်မယ် ဆိုရင်လည်း အင်း...အဟုတ်သား-လို့ လောက်ပဲ
ပြောရပါလိမ့်မယ်။ သို့ပေမယ့် ဖြစ်စေချင်တာက တော့ အားလုံး အဆင်ပြေမည့်
နည်းလမ်းလေတွေ တော့ ရှာသင့်တာပေါ့။ ခုဟာက ကျတော့ ပါစင်ဂျာရော
ကားဆရာရော စိတ်တွေက မသက်သာဘူး။
အင်း...ခု ကားဂိတ်ကနေ ကျောင်းထိ ပါလာတဲ့ အိတ်ကြီးကို ဒရွတ်တိုက် ဆွဲလာခဲ့ရတာမို့  အနားယူပြီးတဲ့နောက် ကိုယ့်စိတ်ထဲတွေးမိတဲ့ အတွေးလေးတွေကို ကားဆရာ နဲ့ 
ပါစင်ဂျာတို့  သိစေဖို့  ပြောပြလိုက်တာပါ။ ပါစင်ဂျာ ဖြစ်နိုင်သေးသူတွေကတော့
စိတ်လေးကို အတတ်နိုင်ဆုံးသန့် အောင် မွေးကြပေါ့။ ဒါပေမယ့် ခုတော့လေ
ဖတ်မည့်သူတွေက ကားဆရာ ပါမယ် မထင်မိဘူး..
သူတို့ ကြားသွားအောင် ကျေးဇူးပြုပြီး ပြောပြလိုက်ကြပါအုံးဗျို့ ...
(တောင်းပန် ပါရစေ။ စိတ်မကွက်ပါနဲ့ ။ တကယ့် ယဉ်ကျေးသိမ်မွေ့ တဲ့ ကားဆရာများ၊ စပါယ်ယာများကိုမဆိုလိုပါ။ ကားဆရာရော စပါယ်ယာပါ တကယ်ယဉ်ကျေးသိမ့်မွေ့ တာ
တွေလည်း ရှိပါတယ်။ ယဉ်ကျေးရုံမက သံဃာတွေများ အတွက် လှူတန်းပါတယ်
ဆိုတဲ့ကားမျိုး၊စပါယ်ယာရော ကားဆရာ ပါ စီးသွားပါ ဘုရား ၊ဒါပဲ ကုသိုလ်လုပ်ရတာ
ဘုရား ဆိုတာမျိုးလည်း တွေ့ ဘူးပါတယ်။ပြီးတော့ လူအချင်းချင်းလည်း
မပါရင် မပေးပါနဲ့ ဆိုတာမျိုးလည်းပြောပြောဆိုဆို ရတဲ့ စပါယ်ယာကောင်းများလည်း
ရှိပါတယ်။ မယဉ်ကျေးတဲ့သူများကိုသာ ဦးတည်ရေးလိုက်တာပါနော)။
မြတ်ရောင်နီ
(၀၆၊၀၁၊၂၀၁၀).
အင်..
ReplyDeleteဘာတာရေးတာကလည်းး
ရန်ကုန်ဘတ်စ်ကားပေါ် ကိုယ်တိုင်ပြန်ရောက်သွားသလိုပါပဲလားး..
ဒီဥူးဇင်း မလွယ်ပါ့လားး
နေကောင်း ကျန်းမာ စိတ်ချမ်းသာပါစေ
ဘဂိနိ