Pages

Thursday, March 18, 2010

အလှူ ဒါန ပြုကြ သူ ငါ




ဒါနပြုတယ်၊ ပေးတယ် ဆိုတာ မိတ်ဆွေ ဖွဲ့ နည်း တစ်မျိုးတဲ့။ မိတ်ဆွေကောင်း လိုချင်ရင် များများပေး၊ ကောင်းကောင်းပေး။ ပြီးတော့ ခရီးသွား ရင် ရိက္ခာ အပြည့်စုံ ရှိမှ။ သံသရာ ခရီးသွား သမားများရဲ့  ရိက္ခာက ဒါန တဲ့။ နတ်ပြည်တက်လိုက စောင်းတန်းနဲ့လည်း တူပါသတဲ့။ အပြောများ တာ က ပြည့်စုံချင်ရင် များများပေးပါ။ ၀န်မလေးနဲ့ ။ ခုဘ၀ သက်တောင့်သက်သာလေးနဲ့  ပြည့်စုံ နေသူက အတိတ်က စုခဲ့သူများပါတဲ့။

လှူတဲ့သူတိုင်း၊ ပေးတဲ့သူတိုင်းဟာ ရရှိသွားတဲ့ သူထက် ပျော်ရ ပါ တယ် - တဲ့။ ကဲ...ပြော..ရရှိသွား တဲ့ သူထက် ထက်ပျော် ချင် မော်ချင်ပါသလား...။ ကိုယ့်ထက်ပျော်နိုင်ဖို့  လွတ်လွတ်လပ်လပ် ခွင့် ပေး လိုက်မယ်...။ သနားလွန်းလို့ ပါ...။

သူမနာမည်က မယု ( ထိုင်း) သင်တန်းသူအဖြစ် တစ်မျိုး၊ အများကိုယ်စား အလှူပေးနေတဲ့ အလှူ ဒကာမလေး တစ်ဖြစ်လဲ ။ မှတ်မှတ်ရရ လတ်လတ်ဆတ်ဆတ် မှတ်တမ်းတင် ယနေ့ ဓာတ်ပုံ ရိုက်ခဲ့ တာပါ။

မြတ်ရောင်နီ
(၁၈၊၀၃၊၂၀၁၀)

No comments:

Post a Comment